Beer by donjaun

View this thread on steempeak.com
· @donjaun ·
$0.71
Beer
![85ptci.jpg](https://img.esteem.app/85ptci.jpg)

ဘီယာကို ကျနော် fourth year မှာ စသောက်တတ်၏။ သူငယ်ချင်းတွေ စုပြီး အကင်သွားစားရင်း သောက်ကြည့်ခြင်း ဖြစ်၏။ တခွက်ထဲသာ ဖြစ်၏။ တခွက်ထဲနှင့် တော်တော်လေး မွတ်သွား၏။ ထို့နောက် တလကို တကြိမ်လောက်တော့ သူငယ်ချင်းတွေ စုစုပြီး သွားသွားသောက် ဖြစ်ကြ၏။ ကြာလာတော့ တခွက်မှသည် နှစ်ခွက် ဖြစ်လာ၏။ နောက်ဆုံးနှစ် ရောက်သည်အထိ နှစ်ခွက်ထက် မပိုခဲ့ကြပေ။ နှစ်ခွက်နှင့် အဆင်ပြေကြ၏။ 

စသောက်တတ်စတုန်းက Myanmar beer နှင့် ဖြစ်၏။ ထို့နောက် Chang ပြောင်းသောက် ကြပြန်၏။ Chang မှာ တော်တော်လေး ကြာခဲ့၏။ ထို့နောက် Singa ခဏသောက်လိုက်ကြသေး၏။ ထို့နောက် Dagon အနီ သောက်ကြ၏။ Dagon က အပြာနှင့် အနီ ရှိ၏။ ကျနော်တို့က အနီကိုသာ ပိုပြီး သောက်ဖြစ်၏။ Dagon အနီကနေ Black Shield ပြောင်းသောက်ဖြစ်ပြန်၏။ အဆိုပါ Black Shield စသောက် ဖြစ်သည့် အချိန်ကို မှတ်မိနေသေး၏။ မှတ်မှတ်ရရ မန္တလေးကို သွားလည်တုန်းက ဖြစ်၏။ ပြင်ဦးလွင်ကို တက်တော့ အသိတွေနှင့် ဘီယာဆိုင် သွားထိုင်၏။ ထိုဆိုင်မှာ အဆိုပါ Black Shield ကို စတွေ့ခြင်း ဖြစ်၏။ 

![n2ev23.jpg](https://img.esteem.app/n2ev23.jpg)

တောင်ကြီးမှာက Black Shield မရသေး၊ မတွေ့ဖူးသေးပေ။ ဘီယာ အရောင်ကလည်း ထူးဆန်းစွာဖြင့် အနက်ရောင်ကြီးကိုး။ သို့နှင့် စမ်းသောက်ကြည့်ကြ၏။ ပြင်ဦးလွင်က ပြန်လာပြီးနောက် တောင်ကြီးမှာ Black Shield  ရမည့် ဆိုင်ကို လိုက်ရှာမိ၏။ မတွေ့ပေ။ တလလောက် နေမှ တောင်ကြီးမှာ Black Shield ရ၏။ Black Shield ကို သောက်နေရင်းနှင့် ABC ကို သွားတွေ့၏။ သူကလည်း အနက်ရောင် ဆိုတော့ သူ့ကို စမ်းပြီး သောက်ကြည့်ပြန်၏။ အဲ့မှာ Black Shield ထက် ABC ကို ပိုကြိုက်သွားပြန်တော့၏။ ကြားထဲမှာတော့ အခြား ဘီယာ တံဆိပ် မျိုးစုံကို ကျိုကျား ကျိုကျား သောက် ဖြစ်ပေမယ့် တကယ့် အကြိုက်နှင့် ခုချိန်ထိ စွဲသောက်ဖြစ်ခဲ့တာကတော့ ABC ဖြစ်၏။

ABC ကို သောက်နေရင်းကနေ နောက်တံဆိပ်တခု ထပ်တွေ့ပြန်၏။ ABC တို့ Black Shield တို့လို Stout အနွယ်ဝင်ပင် ဖြစ်၏။ ABC ကို သောက်ဖြစ်သောက်ပြီးနောက် Black Shield ကို ပြန်သောက်လို့ လုံး၀ အဆင်မပြေတော့ပေ။ အရသာက တကယ့်ကို တခြားစီ ဖြစ်နေခဲ့၏။ သို့ပေမယ့် နောက်ထွက် တံဆိပ်ဖြစ်သည့် Black Eagle ကိုတော့ လက်ခံလို့ ရ၏။ သူ့အရသာက တမျိုးလေး ဖြစ်၏။ ABC မရ၊ မရှိသည့်အခါမျိုးမှာ Black Eagle ကို သောက်ဖြစ်၏။ သောက်လို့ ရ၏။ 

သိသည့်အတိုင်း အရက်၊ ဘီယာတွေမျာ ကံစမ်းမဲ ထည့်ပေးကြလေ့ ရှိ၏။ ပေါက်ခဲ့သည်များလည်း ရှိသလို၊ မပေါက်ခဲ့သည်များလည်း ရှိ၏။ ကျေးဇူူးတင်ခြင်းကို ခပ်များများ ခံခဲ့ရ၏။ (၄) ဗူးဝယ် (၂) ဗူးလောက် မဲပေါက်၊ (၆) ဗူးဝယ် (၄) ဗူး မဲပေါက်က အမြင့်ဆုံး ရဖူးခဲ့ခြင်း ဖြစ်၏။ မနေ့ကတော့ Futsal ကန်ပြန်ပြီး ထမင်းကြော်နှင့် မြည်းဖို့ Black Eagle (၄) ဗူး ဝယ်လာခဲ့၏။ ထူးထူးဆန်းဆန်း အဆိုပါ (၄) ဗူးလုံးကနေ မဲပေါက်၏။ ကျနော်တို့ ဘီယာ သောက်လာသည့် သက်တမ်း တလျှောက် ခုလိုမျိုး ဝယ်ယူသည့် ဗူးအားလုံး မဲပေါက်သည်မျိုး မရှိခဲ့၊ မကြုံခဲ့ဖူးပေ။ မနေ့ကတော့ တကယ်ကို ထူးခြားသည်ဟု ပြောလို့ ရ၏။ အမြင့်ဆုံး ဆုကြေး မဟုတ်ပေမယ့် အဆိုပါ ဆုကြေးတွေကြောင့် ဘီယာ အလကားသောက်လိုက်ရသည်ဟု ပြောလို့ ရမည် ထင်၏။

# **Don Jaun**
**MSC 31**
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , and 99 others
properties (23)
post_id84,566,530
authordonjaun
permlinkbeer
categorymyanmar
json_metadata{"image":["https:\/\/img.esteem.app\/85ptci.jpg","https:\/\/img.esteem.app\/n2ev23.jpg"],"tags":["myanmar","esteem","esteem-myanmar","life","palnet"],"app":"esteem\/2.2.4-mobile","format":"markdown+html","community":"hive-125125"}
created2020-02-20 12:08:15
last_update2020-02-20 12:08:15
depth0
children1
net_rshares3,574,256,096,930
last_payout2020-02-27 12:08:15
cashout_time1969-12-31 23:59:59
total_payout_value0.359 SBD
curator_payout_value0.351 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length2,604
author_reputation23,442,288,153,199
root_titleBeer
beneficiaries
0.
accountesteemapp
weight300
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (163)
@esteemapp ·
Thanks for using **eSteem**! <br>Your post has been **voted** as a part of [eSteem encouragement program](https://esteem.app/esteem/@good-karma/encouragement-program-continues-82eafcd10a299). Keep up the good work! <br>Dear reader, Install [Android](https://play.google.com/store/apps/details?id=app.esteem.mobile.android), [iOS](https://itunes.apple.com/WebObjects/MZStore.woa/wa/viewSoftware?id=1451896376&mt=8) Mobile app or [Windows, Mac, Linux](https://github.com/esteemapp/esteem-surfer/releases) Surfer app, if you haven't already!<br>Learn more: https://esteem.app <br>Join our discord: https://discord.me/esteem
properties (22)
post_id84,577,419
authoresteemapp
permlinkre-2020220t21632990z
categorymyanmar
json_metadata{"tags":["esteem"],"app":"esteem\/2.2.2-welcome","format":"markdown+html","community":"esteem.app"}
created2020-02-20 20:06:33
last_update2020-02-20 20:06:33
depth1
children0
net_rshares0
last_payout2020-02-27 20:06:33
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length620
author_reputation396,075,316,369,469
root_titleBeer
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000