MIUI (Chapter 1) by donjaun

View this thread on steempeak.com
· @donjaun ·
$0.35
MIUI (Chapter 1)
![wyka1x.jpg](https://img.esteem.app/wyka1x.jpg)

Meizu phone ကနေ Mi ကိုပြောင်းကိုင်တော့ အစပိုင်းမှာ တော်တော်လေး တိုင်ပတ်၏။ ဟိိုလိုလို ဒီလိုလိုနှင့် ကြောင်တောင်တောင် ဖြစ်နေ၏။ အရင် phone လိုမျိုးပဲ ထင်ပြီး အယောင်ယောင် အမှားမှားတွေ ဖြစ်နေ၏။ ဟိ မှားနှိပ်၊ ဒီမှားနှိပ်နှင့် အတော်လေးကို ဂွကျလှ၏။ စသုံးပြီး (၄)၊ (၅) ရက်နေမှပဲ အသားကျတော့၏။ MIUI ကို အထိုက်အလျောက် သုံးတတ်သွားပေမယ့် Flyme လေးကိုလည်း လွမ်းနေသေး၏။ သတိိရနေသေး၏။ အဘယ်ကြောင့်ဆိုသော် အဆိုပါ Meizu ၏ flyme လေးနှင့် အချိန်အတော်ကြာ ထိတွေ့ရင်းနှီး နေခဲ့ပြီကိုး။ 

flyme cloud, note, contact အစရှိသဖြင့် သူ့ဟာနှင့်သူ အသားကျနေပြီကိုး။ နောက်ထပ် meizu တလုံးသာ ထပ်၀ယ်ဖြစ်က data တွေ အလွယ်လေး ရွှေ့လိုက်ရုံပင်။ သိပ်လည်း အလုပ်မရှုပ်လှပေ။ ယခုက အတော်လေး အလုပ်ပိုသွား၏။ brand ချိန်းလိုက်ရတာ ဖြစ်သောကြောင့် data တွေ၊ note တွေ၊ contact တွေကို လမ်းရိုးအတိုင်းသာ ချိန်းရ၊ ပြောင်းရတော့၏။ ဒါကြောင့်လည်း လူတွေ phone brand တမျိုးထဲကို သုံးကြခြင်း ဖြစ်မည် ထင်၏။ ကျနော့် အနေနှင့်လည်း meizu ကိုသာ ဆက်လက် အသုံးပြုချင်ပေမယ့် ကိုယ်တော်ချောက မြန်မာ နိုင်ငံကို မသွင်းတော့ပေ။ မြန်မာနိုင်ငံက meizu အရောင်းဆိုင်များပင် ပိတ်ပစ်လိုက်ပြီ ဖြစ်၏။

![pi73jg.jpg](https://img.esteem.app/pi73jg.jpg)

အခြား အပြင်ဆိုင်များမှာလည်း လိုက်လံ ရှာယူ ၀ယ်လို့ မရတော့ပေ။ မဖြစ်မနေကြီးကို ကိုင်လိုပါက တရုတ်ပြည်သို့ တိုက်ရိုက်မှာယူမှသာ ရမည် ဖြစ်၏။ အခြားသူများတော့ မသိပေမယ့် ကျနော့်အဖို့တော့ ထို မှာယူရမည့် ကိစ္စက အဆင်မပြေလှပေ။ လွယ်လည်း မလွယ်ကူလှပေ။ အသိတွေ ဘာတွေလည်း မရှိဘူးကိုး။ တိုက်ရိုက် အ၀ယ်တော်များ ရှိပေမယ့် ယုံရ၊ မယုံကို မပြောနိုင်ပေ။ တစုံတယောက်က အာမခံ မိတ်ဆက်ပေးလျှင်တော့ မပြောတတ်ပေ။ သို့နှင့် meizu ဆက်ကိုင်မည့် ကိစ္စကို လက်လျှော့ လိုက်ရတော့၏။ သို့နှင့် Mi ဖက်သို့ ပြောင်းလဲ လိုက်ရခြင်း ဖြစ်၏။

Mid-range တန်းတွေထဲမှာ ရွေးချယ်စရာများလှ၏။ ထိုများပြားလှစွာသော အမျိုးအစားတွေထဲမှာမှ Mi က မဆိုးလှဟု ပြောလို့ရ၏။ ပေးရသည့် ဈေးနှင့် ပြန်ရသည့် အရာ တန်သည်ဟု ပြောလို့ ရ၏။ အခြား model, အခြား brand တွေမှာလည်း ထိုကဲ့သို့ P to P ရှိပေမယ့် (price to performance) mi လောက်တော့ မများလှပေ။ ထို့ပြင် mi ၏ အားသာချက် နောက်တခုက official အလုံး (အခွန်ဆောင်ပြီးသား)၊ pi အလုံး (အခွန်မဆောင်) တွေပါ လွယ်ကူစွာ ရရှိနိုင်ခြင်း ဖြစ်၏။ ထိုအချက်က အခြား brand တွေထက် အားသာသွားသည့် အချက် ဖြစ်၏။

ထို့ပြင် system update (MIUI update) မြန်ဆန်ခြင်း ဖြစ်၏။ မကြာမကြာ update ပေး၏။ ထိုအချက်က ကောင်းသည်ဟုလည်း ပြောလို့ ရသလို၊ ဆိုးသည်ဟုလည်း ပြောလို့ရ၏။ အများစုက Up to date ကို သိပ်သဘောကျကြ၏။ တကယ်တမ်းမှာတော့ up to date တိုင်းက ကောင်းနေသည်ဟု ပြောလို့ မရပေ။


_ဆက်ပါဦးမည်_

# **Don Jaun**
**MSC 31**
👍  , , , , , , , , , , , , , , , , , , , , , , ,
properties (23)
post_id83,729,152
authordonjaun
permlinkmiui-chapter-1
categorymyanmar
json_metadata{"image":["https:\/\/img.esteem.app\/wyka1x.jpg","https:\/\/img.esteem.app\/pi73jg.jpg"],"tags":["myanmar","esteem","esteem-myanmar","life","android","technology","palnet"],"app":"esteem\/2.2.3-mobile","format":"markdown+html","community":"esteem.app"}
created2020-01-24 11:54:51
last_update2020-01-24 11:54:51
depth0
children0
net_rshares1,918,992,253,864
last_payout2020-01-31 11:54:51
cashout_time1969-12-31 23:59:59
total_payout_value0.175 SBD
curator_payout_value0.173 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length2,356
author_reputation23,442,288,153,199
root_title"MIUI (Chapter 1)"
beneficiaries
0.
accountesteemapp
weight300
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (24)