Hamhung မှာနွှဲတဲ့ Battle by golden.future

View this thread on steempeak.com
· @golden.future ·
$2.39
Hamhung မှာနွှဲတဲ့ Battle
ဒေသအသစ်တစ်ခုသို့ ရောက်သောအခါ မသိဖူး၊ မတွေ့ဖူးတာတွေ
သိရအောင် အတွေ့အကြုံရှိပြီးသားသူတွေထံမှ လေ့လာကြားနာ
ယူတတ်ရပါမယ်။ အသိအမြင်ဗဟုသုတအတွေ့အကြုံ မရှိပါဘဲ
ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်ပါလျှင် အခက်အခဲတွေ၊ အမှားတွေ
ကြုံရတတ်ပါတယ်။ အချို့ကြတော့လည်း မိမိက စဖောက်သူ
စွန့်ဦးသမား ဖြစ်လျှင်တော့ ကိုယ်တိုင် စမ်းသပ်ဆောင်ရွက်ကြည့်မှ
အတွေ့အကြံများ ရပါမယ်။ ရလာတဲ့ အတွေ့အကြုံတွေကိုလည်း
မှတ်သားနာယူတတ်ပါမှ နောင်အခါ ပိုကောင်းအောင် ပြင်ဆင်
လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။

ROR Game မှာတော့ မြန်မာ၌ မိမိသည် ရှေ့ဆုံးမှ စမ်းလျှောက်နေသူဟု ဆိုရပေမည်လား။ နိုင်ငံခြားသားများဆီမှ
အတွေ့အကြုံ ပို့စ်များသည် အင်္ဂလိပ်ဘာသာဖြင့် နည်းပါးလှ၍
ကိုရီးယားဘာသာဖြင့်သာ အတင်များကြသောကြောင့်
မိမိအနေဖြင့် နားလည်ရန် ခက်ခဲလှသည်။ Game တီထွင်
ထုတ်လွှင့်သူတို့မှာလည်း ကိုရီးယားများ ဖြစ်ကြသောကြောင့်
Korea language သာ ဦးစားပေးထားသလိုပင်။ 
English Version ရှိသော်မှလည်း အပြည့်အစုံ မဟုတ်ပေ။
ကိုရီးယားစာညွှန်းများ ပါရှိနေသည်။
ထို့ကြောင့် မိမိမှာ မြေစမ်းခရမ်းပျိုးရသည်အလား စမ်းတဝါးဝါး
ကစားနေရဆဲပင် ဖြစ်သည်။
![Screenshot_2019_1122_111554.png](https://files.steempeak.com/file/steempeak/golden.future/tEZFXEyW-Screenshot_2019_1122_111554.png)
ယခင်နေ့ကတော့ Hamhung သို့ ရောက်သွားခဲ့သည်။ 
Hamhung မှာ Orc forest ရှိသည်။

Orc forest ၌ကား Stone Axe ကျောက်ပုဆိန် ကျောက်တင်းပုတ် item ရနိုင်သည်။ သို့သော် Monster
Info မှာ HP 13, MP 7 and SP 7 အဆင့်ရှိသည်။
ရနိုင်ခြေ % လည်း နည်းသည်။ 
![Screenshot_2019_1122_100643.png](https://files.steempeak.com/file/steempeak/golden.future/nDDIoPig-Screenshot_2019_1122_100643.png)
မိမိမှာကား HP lvl မှာ ထိုလောက် မရှိပါ။ သို့ပေမယ့်
ရောက်လက်စနဲ့ ဆိုတော့ Battle ဝင်တိုက်ခဲ့သည်။ 
Stone axe တစ်လက် ရခဲ့သည်။
![Screenshot_2019_1122_111041.png](https://files.steempeak.com/file/steempeak/golden.future/FAOjKS56-Screenshot_2019_1122_111041.png)
တိုက်ပွဲပြီးတော့ Hospital သွားကာ Treatment ယူရသည်။
အားပါးပါး ကုန်ကျစရိတ်များလွန်းသည်။ Gold 399 တောင်
ကျသည်။ Stone axe ၏ ပေါက်ဈေးမှာ Gold 10 သာ
ရှိသည်။ ရတာနှင့်ကုန်တာ ကွာလွန်းသည်။ ဒီတော့ Hamhung
ကနေ House ရှိရာ မြို့သို့ ပြန်ခဲ့သည်။
![Screenshot_2019_1122_173856.png](https://files.steempeak.com/file/steempeak/golden.future/aYdD3nFC-Screenshot_2019_1122_173856.png)
မိမိစိတ်ကူးကတော့ ထိုလက်နက်ကို Mercenary
တစ်ဦးဦးအား တပ်ဆင်ပေးဖို့ ရည်ရွယ်ထားသည်။ House
ရှိရာ မြို့သို့ ရောက်သောအခါ House ထဲမှ လက်နက်
ဆင်မြန်းပေးရာသို့ ဝင်၍ Stone axe ကို Mercenaries
များအား လိုက်တပ်ဆင်ပေးကြည့်သည်။ တစ်ဦးမှကို
တပ်ဆင်လို့ မရပါ။ ဒီတော့လည်း ဒီတိုင် ပစ်ထားလိုက်ရသည်။

မိတ်ဆွေများ Steemit RORမှာ အဆင်ပြေကြပါစေ။

MSC 193
@golden.future
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , and 89 others
👎  
properties (23)
post_id82,013,357
authorgolden.future
permlinkhamhung-mhanwhete-battle
categorymyanmar
json_metadata{"app":"steempeak\/2.1.1","format":"markdown","tags":["myanmar","roadofrich","iv","gaming","steemace","palnet","neoxian","int","mediaofficials"],"users":["golden"],"links":["\/@golden.future"],"image":["https:\/\/files.steempeak.com\/file\/steempeak\/golden.future\/tEZFXEyW-Screenshot_2019_1122_111554.png","https:\/\/files.steempeak.com\/file\/steempeak\/golden.future\/nDDIoPig-Screenshot_2019_1122_100643.png","https:\/\/files.steempeak.com\/file\/steempeak\/golden.future\/FAOjKS56-Screenshot_2019_1122_111041.png","https:\/\/files.steempeak.com\/file\/steempeak\/golden.future\/aYdD3nFC-Screenshot_2019_1122_173856.png"]}
created2019-11-25 05:59:51
last_update2019-11-25 05:59:51
depth0
children0
net_rshares9,612,630,722,356
last_payout2019-12-02 05:59:54
cashout_time1969-12-31 23:59:59
total_payout_value1.207 SBD
curator_payout_value1.187 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length2,413
author_reputation46,415,888,336,127
root_title"Hamhung မှာနွှဲတဲ့ Battle"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (154)