ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung ) by kachinhenry
View this thread on steempeak.com
· @kachinhenry · (edited)
$5.19
ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )
![henry Aung.jpg](https://cdn.steemitimages.com/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY/henry%20Aung.jpg)
မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ကျွန်တော်၏ ညံ့ဖျင်းမှု အကြောင်းများအား ဆောင်းပါး အဖြစ်ရေးသားလျက်ရှိရာ ယခင်ဆောင်းပါးတွင် ကျောင်းစာ ညံ့ဖျင်း ခဲ့ပုံအကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ အဘယ့်ကြောင့် ကျောင်းစာတွင် ညံ့ဖျင်းရသနည်း ဆိုလျင် ကျွန်တော့ အနေဖြင့် ကျောင်းစာထက် ပြင်ပစာများအား ပို၍ စိတ်ဝင်စားသော ကြောင့် ဖြစ်မည် ထင်ပါသည်။ 
အခြားတခုမှာ ကျောင်းတက်ပျင်း ခြင်းနှင့် ကျောင်းစာ အပေါ် စိတ်ဝင်စားမှု နည်းပါးသောကြောင့် သာဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော့ အနေဖြင့် အလယ်တန်း ကျောင်းသား ဖြစ်လာသော အခါ ကျောင်းစာ၌ စိတ်ဝင်စားခြင်း မရှိသဖြင့် လပတ်စာမေးပွဲ ဟူသမျှနှင့် အစမ်းစာမေးပွဲ များတွင် တခါမှ အောင်မြင် ခဲ့ခြင်း မရှိသော်လည်း အတန်း တင်စာမေးပွဲကတော့ တနှစ်တတန်း မှန်မှန်အောင်မြင်ခဲ့ပါသည်။ 
ကျွန်တော် ကျောင်းစာတွင် အာရုံစိုက်၍ ကြိုးစားလာသည်မှာ ရန်ကုန်ရောက်ပြီးနောက် ရှစ်တန်း တက်ရသော နှစ် အထက်တန်း ရောက်မှ စတင်ကြိုးစားလာခဲ့ခြင်း ဖြစ်ပါသည်။ အလယ်တန်း ကျောင်းသားဘဝ ၅ / ၆ / ၇ တန်းများတွင်တော့ ကျွန်တော်၏ ကျောင်းစာ အညံ့ဖျင်းဆုံး နှစ်များသာ ဖြစ်ပါသည်။ 
ကျွန်တော် ကျောင်းတက်ခဲ့ သော သက်တမ်း တလျှောက်လုံးတွင် A အခန်း တွင် နေခဲ့ရသည်မှာ ၉ တန်း နှင့် ၁၀ တန်း နှစ်တွင်သာ ရှိခဲ့ပါသည်။ ၅ တန်းနှစ်တွင် C အခန်း ၆ တန်းနှစ် တွင် D အခန်း ၇ တန်းနှစ် ရောက်သော အချိန်တွင်တော့ အကျများသာ ရှိသည့် E အခန်း အဆိုးဆုံး အခန်း အညံ့ဆုံး အခန်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။
 ကျောင်းစာတွင် စိတ်ဝင်စားမှု မရှိသည့် အပြင် လူပျိုပေါက် အရွယ် ဖြစ်လာသောကြောင့် ဟိုဟို သည်သည် လက်တည့် စမ်းတတ်သော အရွယ် ဖြစ်၍ အများအားဖြင့် ကျောင်းစာထက် ပြင်ပ ကိစ္စများကိုသာ ပို၍ စိတ်ဝင်စားသောကြောင့် ကျောင်းစာတွင် တဖြည်းဖြည်း ညံ့ဖျင်းလာခဲ့သည်မှာ အံ့သြစရာတော့ မရှိပါ။ 
![44.jpg](https://cdn.steemitimages.com/DQmaJrv93UDEYRkjS8DgXozg7gfJKcYHpCgZWZkBhr78uzV/44.jpg)
ထို အချိန်တုန်းက ကျွန်တော် ညံ့ဖျင်းခဲ့သော အချိန်များအား ပြန်လည် တွေးတောနေရင်း ကပင် ကျွန်တော့ အလယ်တန်းကျောင်းသားပုံစံ တဖြည်း ဖြည်း ပုံပေါ်လာပါသည်။ ပုဆိုး ချက်ပြုတ် တရွတ်တိုက် ဝတ် ( ခွေးချီးသိမ်းပုဆိုး ဝတ်နည်း ) ၊ ထိုအချိန်က ခေတ်စားခဲ့သော ချစ်ကောင်းကေ ခေါ် ဆံပင် မျက်နှာ တခြမ်း ဖုံး နှင့် စကားပြောလျင် ခေါင်းအား ဆက်ခနဲ့ လည့်၍ ဆံပင် ပင့်တင်ရသည်မှာ အလုပ်တခု ။ ဒီကြားထဲ ဆေးလိပ် ကခိုး သောက်တတ်လာသေး ။
 ယခု အချိန် ပြန်တွေးရင်းက ပင် အနှီး Henry Aung ဟူ၍ ဖြစ်လာမည် ဖြစ် သော သကောင့်သား အား " စာညံ့ရတဲ့ အထဲ အနေအထိုင်ကပါ ထောင့် မကျိုး အုံးကွာ ၊ ဆေးလိပ်ခိုးသောက် အုံးကွာ ၊ ခွေးဖြစ်ချင်တဲ့ ကောင် " ဟူ၍ ပြောပြောပြီး နာရင်း ရိုက် ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာရပါတော့သည်။ 
ဆိုခဲ့သည့် အတိုင်း ကျွန်တော် စာညံ့လွန်း သဖြင့် အတန်းတင်စာမေးပွဲ ဖြေခါ နီးလျင် ကျွန်တော့ အစ်မများ အလုပ်များရပါတော့သည်။ အတန်းတူ ဆွေမျိုးများထံမှ စာအုပ်ငှား၍ စာကူးရခြင်း ၊ ကျွန်တော့ အတွက် စာကျက် ကူရခြင်း ၊ ကျွန်တော် စာရပါပြီဆိုမှ သူတို့ စာ ဖြောင့်ဖြောင့် ကျက်နိုင်ကြပါတော့သည်။
 တခါတရံ အစ်မများက " နင်ဒီလောက်စာညံ့တာ အဖေ နဲ့ အမေနဲ့ မွေးထားတာ မဟုတ်လောက်ဘူး ၊ လမ်းဘေး အမှိုက် ပုံထဲက ကောက်ထားတာပဲ ဖြစ်ရမယ် " ဟူ၍ စကားနာထိုးကြပါသည်။ ဟုတ်လည်း ဟုတ်လောက်ပါသည်။ ကျွန်တော့ အစ်မများ နှင့် ညီမလေး တို့မှာ အမြဲတမ်း အဆင့် ၁-၁၀ ဝင်ကြသလို နှစ်တိုင်း A အခန်း မှ မဆင်းကြပါ။ သူတို့ စာတော်ကြသလောက် ကျွန်တော့ မှာဖြင့် တယောက်တည်း ချွန်၍ ညံ့ဖျင်း နေပါတော့သည်။ ကျွန်တော် မည်မျှလောက် ကျောင်းစာတွင် စိတ်မဝင်စားပုံအား ဖေါ်ပြပေးချင်ပါသည်။ 
![55.jpg](https://cdn.steemitimages.com/DQmZVwzhWGmLAkibc2tfSNY6CrKLPUJQyFppqQwqZ8wdNc5/55.jpg)
ကျွန်တော် ၅ တန်းနှစ်တွင် ကျွန်တော်တို့ အခန်းထဲတွင် ဝက်ရူးပြန်တတ်သော ကျောင်းသား တယောက်ရှိပါသည်။ နာမည်ကို တော့ မမှတ်မိတော့ပါ။ ဆိုခဲ့သည့် အတိုင်း အဆိုပါ ကျောင်းသားမှာ ခဏခဏ ဝက်ရူး ပြန်တတ်သဖြင့် သူ နှင့် ဘယ်သူမှ အတူ မထိုင်လိုကြပါ။ အခြားသူများ ကျောင်းတက်လျင် ရှေ့ဆုံး ခုံတန်းအား ဦးချင်သူ များသလောက် ကျွန်တော်ကတော့ အနောက်ဆုံး ဘယ်သူမှ မထိုင်ချင်သော နေရာတွင်သာ ရွေးထိုင်လေ့ရှိပါသည်။ 
ဟုတ်ကဲ့။ ပြောခဲ့ပါပြီကော စာမသင်ချင် ၍ ဖျင်းမဲ့ကောင်ပါလို့။ ကျွန်တော်လည်း ထို ဝက်ရူးပြန်တတ်သော ကျောင်းသားနှင့် အတူ နောက်ဆုံး ခုံတွင် လွတ်လွတ်လပ်လပ်ထိုင်ကြပါသည်။ အကြောင်းမှာ ထိုကျောင်းသား ဝက်ရူးပြန်လျင် အခြားသူများ အထိတ်တလန့် ဖြစ်၍ ထွက်ပြေးကြသော်လည်း ကျွန်တော်ကတော့ ထွက်မပြေးပဲ ထိုကျောင်းသား ဝက်ရူးပြန်နေစဉ် လဲ မကျ သွားစေရန် ခုံများ စာပွဲ များဖြင့် မဆောင့် မိစေရန် ထိန်းချုပ်ပေးရပါသည်။
 သူဝက်ရူးပြန်သည်မှာလည်း ကြောက်စရာကောင်းပါသည်။ ရင် ခေါင်းထဲမှ တဂီးဂီး နှင့် မြည်လာပြီး တကိုယ်လုံး အကြောဆွဲကာ ဆန့်ငင်ဆန့်ငင် ဖြင့် ပါးစပ် မှ အမြုပ်များ တစီစီ ထွက်ကာ အကြောဆွဲနေလေ့ရှိပါသည်။ တခါတရံ ၅ မိနစ်ခန့်ကြာသော်လည်း တခါတရံတော့ ၁ မိနစ်ခန့်နှင့် ပြီးသွားသည်လည်း ရှိပါသည်။
 ကျွန်တော်လည်း ထို ဝက်ရူး ပြန်တတ်သော ကျောင်းသားအား ထိန်းရင်း စာမသင်ချင် သော ညာဏ်နီညာဏ်နက်များက ထွက်လာပါတော့သည်။ အိမ်စာ မလုပ်လာ၍ ရိုက်ခံ ရမည့် အချိန် ၊ အကြောင်းတခုခု ကြောင့် ဆရာမက တတန်းလုံးအား ဆူ နေချိန်မျိုးတွင် ဘေးတွင် ရှိနေသော ဝက်ရူးအား လက်တို့ လိုက်ပါသည်။ သူလည်း နားလည်ပါသည်။ ချက်ချင် တခွီးခွီး နှင့် ဟန် ဆောင် ဝက်ရူး ပြန်ပြ တခန်းလုံး အုပ်အုပ်သဲသဲ နှင့် လန့်ဖြန့် ဟစ်အော်ကြ ။ နာရီဝက်ခန့်ကြာလျင် အားလုံး ပုံမှန် အတိုင်းပြန်ဖြစ်သွားပါတော့သည်။ 
![66.jpg](https://cdn.steemitimages.com/DQmYEmzBXASV55KcCULVamppVyGKvyTdFkhL5mjuEGRN5B9/66.jpg)
 ဤ နည်းဖြင့် ဆရာမ ရိုက်မည့် ဘေး ၊ အဆူခံရမည့် ဘေးမှ ကျော်လွှားခဲ့ကြပါသည်။ သို့သော် အတန်းတင် စာမေးပွဲ ဖြေသော အခါ ကျွန်တော်က အောင်သွားပြီး ထိုကျောင်းသားကတော့ ၅ တန်းတွင် ကျန်နေခဲ့ပါသည်။ ၆ တန်း နှစ်ရောက်သောအခါ တော့ ငဖျင်း ငပျင်း များ ဖြစ်သော ကျွန်တော်ကဲ့သို့သော ကျောင်းသားများ အကြိုက်တွေ့သော နှစ်ဖြစ်ပါသည်။
 ညာဏ်ကြီး ရှင် တိုင်းပြည် အုပ်ချုပ်သူတို့ တီထွင်လိုက်ကြသော ကျောင်းသား အားကစားပွဲ တော် ကျင်းပ ကြသောကြောင့် တနှစ်လုံး ဟုတ်တိပတ်တိ စာသင်လိုက်ရသည်ဟူ၍ မရှိပါ။ မိန်းခလေးများက အက တိုက်ကြ ၊ ဘင်ခရာ အဖွဲ့ဝင်ကြ ၊ အားကစားလေ့ကျင့်ကြ ၊ ကျွန်တော်ကဲ့သို့ ဘယ်နေရာတွင်မှ မထူးချွန်ကြသူများကတော့ ကဒ်ပြားထောင်ရ ( ကဒ်ပြားထောင်၍ စာတန်းဖေါ်ရခြင်း ) ဖြင့် တကျောင်းလုံး အားကစားဖြင့်သာ အလှုပ်ရှုပ်ရသော နှစ် ဖြစ်သဖြင့် စာမသင်ရလေ ကောင်းလေ ဖြစ်နေခဲ့ပါသည်။
 ထိုကျောင်းသား အားကစားပွဲ တော် လုပ်ခြင်း ၏ အကျိုးဆက်မှာ တနှစ်လုံး နီးပါး စာဟုတ်တိပါတ်တိ မသင်ရသဖြင့် ၆ တန်းအောင်သွားသော်လည်း ၇ တန်းတွင် ဒုက္ခ ရောက်ကြပါတော့သည်။ ၆ တန်းစာ မကြေခဲ့ သည့် အတွက် ၇ တန်းစာမှာ ၂ ဆတိုးပြီး ခက်ခဲ စေခဲ့ပါသည်။ 
ဤ သို့ စာမရလေ ၊ ပျင်းလေ ၊ ပျင်းလေ ဖျင်းလေ ဖြင့် ၇ တန်း တနှစ်လုံး မည်ကဲ့သို့ အောင်မြင်ခဲ့သည်ကို ပင် မသိတော့ပါ။ ကျွန်တော် ဆိုသည့်ကောင် မည်မျှ လောက် စာမသင်ချင် ပါသနည်း ဆိုလျင် " ငါတို့ တက်နေတဲ့ ကျောင်းဆောင် မီးလောင်သွားရင် ကောင်းမှာ ပဲ ၊ ဒါဆို တနှစ်လုံး စာသင်စရာ မလိုတော့ဘူး " ဟူသော အတွေးမျိုး ဝင်ခဲ့သည် အထိပင် ဖြစ်ပါသည်။ ဟုတ်ကဲ့ ။ ပြောပြီးပါပြီကော ဖျင်းမဲ့ကောင်ပါလို့။
ဆက်လက်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
![logo.png](https://cdn.steemitimages.com/DQmdxsQfEZPeBF5GymaYkMgLWH3yBPQXE5T2pkEChqcW28D/logo.png)
Photo Credit : Original Source [Original Source ](https://pixabay.com/en/photos/?min_width=1000&min_height=1000&q=stupid&image_type=all&order=popular)
Author : Henry Aung ( Kachin )
MSC : 001
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , and 11 others
properties (23)
post_id65,223,670
authorkachinhenry
permlinkk-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung
categorymyanmar
json_metadata{"tags":["myanmar","life","poor","knowledge"],"links":["https:\/\/pixabay.com\/en\/photos\/?min_width=1000&min_height=1000&q=stupid&image_type=all&order=popular"],"app":"steemit\/0.1","image":["https:\/\/cdn.steemitimages.com\/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY\/henry%20Aung.jpg"],"format":"markdown"}
created2018-10-31 05:48:51
last_update2018-10-31 06:03:42
depth0
children19
net_rshares5,098,055,662,515
last_payout2018-11-07 05:48:51
cashout_time1969-12-31 23:59:59
total_payout_value4.386 SBD
curator_payout_value0.806 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length6,429
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (75)
@billionairehein ·
$0.11
သူများကို ကူညီချင်စိတ်က မွန်မြတ်လှပါတယ်
ဝက်ရူးပြန်သူကို ကူညီပေးတာ လေးစားစရာပါပဲ
Posted using [Partiko Android](https://steemit.com/@partiko-android)
👍  ,
properties (23)
post_id65,223,839
authorbillionairehein
permlinkbillionairehein-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181031t055338467z
categorymyanmar
json_metadata{"app":"partiko"}
created2018-10-31 05:53:39
last_update2018-10-31 05:53:39
depth1
children0
net_rshares96,071,493,389
last_payout2018-11-07 05:53:39
cashout_time1969-12-31 23:59:59
total_payout_value0.081 SBD
curator_payout_value0.026 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length149
author_reputation22,102,654,979,706
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (2)
@htwegyi ·
$0.09
ကိုဟင်နဲ့ ဘာဂလို့ ဂလောက်များ ကျုပ်စိတ်ကူးနဲ့ နည်းနည်းလေးတူရတာလဲ အဟီး ကျုပ်လဲ၁၀န်းဖြေတုန်းက အဖြေလွှာတွေ မီးလောင်ပါစေ ဆုတောင်းဘူးသဗျ မန္တလေးက မီးခဏခဏလောင်းတယ်လေ 😁
👍  
properties (23)
post_id65,229,243
authorhtwegyi
permlinkre-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181031t080744897z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-10-31 08:07:54
last_update2018-10-31 08:07:54
depth1
children1
net_rshares78,447,798,170
last_payout2018-11-07 08:07:54
cashout_time1969-12-31 23:59:59
total_payout_value0.067 SBD
curator_payout_value0.021 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length159
author_reputation13,455,160,694,338
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@kachinhenry ·
ရှိတ်လိုက်တော့။
properties (22)
post_id65,351,013
authorkachinhenry
permlinkre-htwegyi-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181102t081902755z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-02 08:19:03
last_update2018-11-02 08:19:03
depth2
children0
net_rshares0
last_payout2018-11-09 08:19:03
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length15
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@khayae ·
$0.09
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတူ တစ်ချိန်တုန်းက အမှတ်ရစရာလေးတွေကို ပြန်လည်သတိရစေမိတဲ့ အတွက် thankyou ပါ bro
👍  ,
properties (23)
post_id65,230,398
authorkhayae
permlinkre-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181031t083608198z
categorymyanmar
json_metadata{"app":"steemit\/0.1","tags":["myanmar"]}
created2018-10-31 08:36:42
last_update2018-10-31 08:36:42
depth1
children1
net_rshares78,590,379,275
last_payout2018-11-07 08:36:42
cashout_time1969-12-31 23:59:59
total_payout_value0.067 SBD
curator_payout_value0.021 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length108
author_reputation950,118,507,318
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (2)
@kachinhenry ·
ကျွန်တော်လည်း ရေးရင်း တွေးရင် ပြန်ပုံဖေါ်နေရတာ။
properties (22)
post_id65,351,052
authorkachinhenry
permlinkre-khayae-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181102t082018955z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-02 08:20:21
last_update2018-11-02 08:20:21
depth2
children0
net_rshares0
last_payout2018-11-09 08:20:21
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length46
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@aggamun ·
$0.09
ကျောင်းတက်ရတာ ပျော်စရာ ကောင်းပါတယ်။ ဆရာမ မလာတဲ့ အချိန် ဆို ပိုပျော်စရာ ကောင်းပါတယ်။ စာတစ်လုံးမှ မသင်လိုက်ရတဲ့နေ့ ဆိုရင် အပျော်ဆုံးပါပဲ။  😍
Posted using [Partiko Android](https://steemit.com/@partiko-android)
👍  
properties (23)
post_id65,230,766
authoraggamun
permlinkaggamun-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181031t084736020z
categorymyanmar
json_metadata{"app":"partiko"}
created2018-10-31 08:47:36
last_update2018-10-31 08:47:36
depth1
children1
net_rshares78,592,159,656
last_payout2018-11-07 08:47:36
cashout_time1969-12-31 23:59:59
total_payout_value0.067 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length216
author_reputation14,640,488,087,369
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@kachinhenry ·
စာမေးပွဲ ဖြေရတော့မယ်ဆိုရင်တော့ မပျော်ရတော့ပါဘူး။ စိတ်တထင့်ထင့်နဲ့။
👍  
properties (23)
post_id65,350,991
authorkachinhenry
permlinkre-aggamun-aggamun-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181102t081821534z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-02 08:18:21
last_update2018-11-02 08:18:21
depth2
children0
net_rshares1,831,230,383
last_payout2018-11-09 08:18:21
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length66
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@lwanwai ·
$0.09
ဟား တူပြန်​ပြီ ကိုဟင်​​ရေ ​ကျောင်းကို ပိတ်​​လေ ​ကောင်း​လေပဲ လို့ အမြဲ ​တွေး​နေခဲ့ရတာ
ခု​တောင်​ စာအ​ကြောင်း​ပြောရင်​ ​ချွေးပြန်​တုန်း 😁😁
Posted using [Partiko Android](https://steemit.com/@partiko-android)
👍  
properties (23)
post_id65,255,606
authorlwanwai
permlinklwanwai-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181031t172245573z
categorymyanmar
json_metadata{"app":"partiko"}
created2018-10-31 17:22:45
last_update2018-10-31 17:22:45
depth1
children1
net_rshares78,734,652,323
last_payout2018-11-07 17:22:45
cashout_time1969-12-31 23:59:59
total_payout_value0.067 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length209
author_reputation6,025,595,860,743
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@kachinhenry ·
ချွေးပြန်ယုံ ဘယ်ကမလဲ.... အိမ်မက်ဆိုးပါ မက်တယ်။
properties (22)
post_id65,350,960
authorkachinhenry
permlinkre-lwanwai-lwanwai-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181102t081719106z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-02 08:17:18
last_update2018-11-02 08:17:18
depth2
children0
net_rshares0
last_payout2018-11-09 08:17:18
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length46
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@thatkozaw ·
$0.09
နောက်​ဆုံးခုံထိုင်​ချင်​တာ အရမ်းပဲ 
ဟုတ်​ ကျ​နော်​က ဘယ်​အတန်းတတ်​ခဲ့ခဲ့ တတန်းလုံးအရပ်​အပုဆုံး အငယ်​ဆုံးဖြစ်​ခဲ့ဖူးတယ်
👍  
properties (23)
post_id65,273,411
authorthatkozaw
permlinkre-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181101t002208148z
categorymyanmar
json_metadata{"app":"steemit\/0.1","tags":["myanmar"]}
created2018-11-01 00:22:09
last_update2018-11-01 00:22:09
depth1
children2
net_rshares78,878,869,293
last_payout2018-11-08 00:22:09
cashout_time1969-12-31 23:59:59
total_payout_value0.066 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length217
author_reputation4,973,552,042,191
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@khayae ·
$0.09
ကျနော်ငယ်ငယ်က အဆန်းထဲမှာ ခုံခေါက်ရင်း သီချင်းလေးဆို ဒါကို ဆရာမကြားတော့ အတန်းရှေ့ကိုလာစမ်းးးးး လွမ်းမိုး သီးချင် 
အားကြီးဆော့လို့ ကျနော်က အတန်းရှေ့မှာ အမြဲနေရတယ်ဗျ
👍  ,
properties (23)
post_id65,282,824
authorkhayae
permlinkre-thatkozaw-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181101t045805069z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-01 04:58:36
last_update2018-11-01 04:58:36
depth2
children1
net_rshares79,349,486,636
last_payout2018-11-08 04:58:36
cashout_time1969-12-31 23:59:59
total_payout_value0.068 SBD
curator_payout_value0.021 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length162
author_reputation950,118,507,318
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (2)
@kachinhenry ·
ကျွန်တော်ကတော့ ငပျင်း ကောင်ဆိုတော့ နောက်ဆုံးမှာပဲ။
properties (22)
post_id65,350,886
authorkachinhenry
permlinkre-khayae-re-thatkozaw-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181102t081522013z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-02 08:15:21
last_update2018-11-02 08:15:21
depth3
children0
net_rshares0
last_payout2018-11-09 08:15:21
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length50
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@suhlaing ·
$0.09
ဘုရား ဘုရား ကျောင်းဆောင်ကြီး မီးလောင်စေချင်တဲ့သူနဲ့ အဖေလြွှာမီးလောင်စေချင်တဲ့သူနဲ့ ဘယ်လိုလူတွေလည်းကွယ်
👍  
properties (23)
post_id65,280,066
authorsuhlaing
permlinkre-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181101t033226160z
categorymyanmar
json_metadata{"app":"steemit\/0.1","tags":["myanmar"]}
created2018-11-01 03:32:30
last_update2018-11-01 03:32:30
depth1
children3
net_rshares80,783,762,777
last_payout2018-11-08 03:32:30
cashout_time1969-12-31 23:59:59
total_payout_value0.068 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length101
author_reputation5,783,919,265,069
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@domelay ·
$0.09
ဘယ်သူလဲဟင် သင်တဲ့ ဆရာပါ မီးလောင်စေချင်တာ ။
👍  
properties (23)
post_id65,290,460
authordomelay
permlinkre-suhlaing-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181101t080948245z
categorymyanmar
json_metadata{"app":"steemit\/0.1","tags":["myanmar"]}
created2018-11-01 08:09:54
last_update2018-11-01 08:09:54
depth2
children2
net_rshares80,944,315,538
last_payout2018-11-08 08:09:54
cashout_time1969-12-31 23:59:59
total_payout_value0.069 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length42
author_reputation15,252,229,565,390
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@suhlaing ·
$0.09
ငမ်းး ဆိုးတွေပါအေ
Posted using [Partiko Android](https://steemit.com/@partiko-android)
👍  
properties (23)
post_id65,290,915
authorsuhlaing
permlinksuhlaing-re-domelay-re-suhlaing-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181101t082209229z
categorymyanmar
json_metadata{"app":"partiko"}
created2018-11-01 08:22:09
last_update2018-11-01 08:22:09
depth3
children1
net_rshares81,105,190,047
last_payout2018-11-08 08:22:09
cashout_time1969-12-31 23:59:59
total_payout_value0.069 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length87
author_reputation5,783,919,265,069
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
$0.09
ခု တော်မှာမလို့ အရင်က ဖျင်းပေးရတာပါလေ ....😁
👍  
properties (23)
post_id65,288,536
authordonjaun
permlinkre-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181101t072009851z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-01 07:20:12
last_update2018-11-01 07:20:12
depth1
children1
net_rshares81,251,999,473
last_payout2018-11-08 07:20:12
cashout_time1969-12-31 23:59:59
total_payout_value0.069 SBD
curator_payout_value0.022 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length43
author_reputation23,442,288,153,199
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@kachinhenry ·
$0.03
အခုလည်း မတော်ပါဘူးဗျာ... တော်ချင်ယောင်ဆောင်နေတာ
👍  
properties (23)
post_id65,350,798
authorkachinhenry
permlinkre-donjaun-re-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181102t081300589z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2018-11-02 08:13:03
last_update2018-11-02 08:13:03
depth2
children0
net_rshares23,190,840,656
last_payout2018-11-09 08:13:03
cashout_time1969-12-31 23:59:59
total_payout_value0.020 SBD
curator_payout_value0.006 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length47
author_reputation39,004,176,328,463
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@kyi ·
ဟာ လန်းတေ😁မီးလောင်ဝါးရင်...ကောင်းကြရော
properties (22)
post_id65,421,871
authorkyi
permlinkre-kachinhenry-k-yneta-e-nyanundefinedng-m-undefined-apong-2-henry-aung-20181103t144423254z
categorymyanmar
json_metadata{"app":"steemit\/0.1","tags":["myanmar"]}
created2018-11-03 14:44:27
last_update2018-11-03 14:44:27
depth1
children0
net_rshares0
last_payout2018-11-10 14:44:27
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length38
author_reputation2,936,146,883,511
root_title"ကျွန်တော်၏ ညံ့ဖျင်း မှုများ - အပိုင်း ( ၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000