ငါပုံပြောမယ်နင်နားထောင် ( အပိုင်း-၂ ) ( Henry Aung ) by kachinhenry

View this thread on steempeak.com
· @kachinhenry ·
$0.45
ငါပုံပြောမယ်နင်နားထောင် ( အပိုင်း-၂ ) ( Henry Aung )
![01.jpeg](https://cdn.steemitimages.com/DQmUvVXsjg6s4YTN6CHDg24b38njU5WadNiAQ7v9XEk1LBB/01.jpeg)

မင်္ဂလာပါ။ ကျွန်တော်၏ ပုံပြင်များအား ဆက်ပါရစေ။ ယခင် ဆောင်းပါးတွင် ငယ်ဘဝ ယောကျ်ားလေးများ ကစားကြသော ကစားနည်းများ ဖေါ်ပြပေးပြီးဖြစ်ရာ ယခု မိန်းခလေးများ ကစားသော ကစားနည်းများတွင် ယောက်ကျ်ားလေးများ ပါဝင်ပတ်သက်ပုံအား ဖေါ်ပြပေးချင်ပါသည်။ 

ကျွန်တော်တို့ ယောကျ်ားလေးများသည်လည်း မိန်းခလေး များနှင့် တန်းတူကစားနိုင်သော ကစားနည်းမှာ သာရေကွင်း များ ဆက်၍ စက်ဝိုင်းပုံစံဖြစ်ပေါ်စေပြီး မိန်းခလေး နှစ်ယောက်မှ အကွာအဝေး ၃ မီတာခန့်တွင် မျက်နှာချင်းဆိုင် ရပ်စေကာ ဒူးဆစ် လောက်တွင် ထိုသရေကွင်း ကို စွပ်လိုက်ခြင်းဖြင့် ကြိုးတန်း နှစ်တန်း ဖြစ်ပေါ်စေပါသည်။

 ကစားသူက ထို နှစ်ဦး အလယ်တွင်ရပ်ကာ ကြိုးစတဖက်အား မကား ကျန်ရှိသော တဖက်အား ခုန်ကျော် သော ကစားနည်း ဖြစ်ပါသည်။ ထိုကစားနည်းအား ကျွန်တော် အမည်မသိပါ။ စာဖြင့်ရေးပြရန် အတော်လေးခက်ခဲပါသည်။ ထုပ်စီးတိုးသည် ကတော့ လူတိုင်းသိပြီး ဖြစ်၍ အထူးတလည် မဖေါ်ပြတော့ပါ။ 

![0001.webp](https://cdn.steemitimages.com/DQmbgvTpJoEKJoPC9pmRqymMasrt97FwgkhQBGGQebuP261/0001.webp)

[Original Source](https://pixabay.com/images/search/children%20playing/)

နောက်ကစားနည်း တမျိုးမှာ အစားအသောက် ချက်ပြုတ် ခြင်းနှင့် စျေးဝယ်စျေးရောင်းကစားကြခြင်း ဖြစ်ပါသည်။ တယောက်က ခေါက်ဆွဲဆိုင်ဖွင့် ၊ တယောက်က ကုန်စုံဆိုင် ၊ တယောက်က ထမင်းဆိုင် စသည်ဖြင့် အစီအရီဆိုင်ဖွင့်ကား စျေးဝယ်တမ်း ချက်ပြုတ်တမ်း ကစားကြခြင်း ဖြစ်ပါသည်။ 

ယောက်ျားလေး အများစုကတော့ ချက်ပြုတ်သူများ မဟုတ်ကြပါ။ အများအား ဖြင့် ဆီကြိတ်သူများ ဖြစ်ကြပါသည်။ အရွက် တမျိုးအား ကျောက်ခဲဖြင့် ကြိတ်ချေပြီး ရေဖျော်လိုက်လျင် ဆီကဲသို့ ပြစ်ချွဲချွဲ အရေများ ရလာပါသည်။ ခေါက်ဆွဲ ရောင်းသူက တော့ ပိန်းရွက်အား လိပ်၍ ဘလိတ်ဓါးဖြင့် ပါးပါး လှီးလိုက်လျင် ရှည်လျားသော ခေါက်ဆွဲ မျှင်များ ရရှိပါပြီ။ ပိုက်ဆံ အနေဖြင့်ကတော့ သတ်မှတ်ထားသော သစ်ရွက် တမျိုးမျိုးသာ ဖြစ်ပါသည်။ 

ဤသို့ ထမင်းဟင်း အစားအသောက် ချက်ပြုတ်တမ်း ကစားကြရာတွင် အိုးဗုတ်ခွက်များ လိုအပ်မည် ဖြစ်ရာ မည်သူမျှ အိုးဗုတ်ခွက် ဝယ်နိုင်စွမ်း မရှိပါ။ ဤ အိုးဗုတ်ခွက် လုပ်သော တာဝန်မှာ ယောကျ်ားလေး တို့၏ တာဝန် ဖြစ်ပါသည်။ ဧရာဝတီ မြစ်ကမ်းဘေး ရှိ အလကား ရနိုင်သော ရွှံ့စေးများ ခူးကာ အိုးဗုတ်လုပ်ကြပါသည်။ 



အိုးသေးသေးလေးများ ၊ ပန်းကန်ခွက်ယောက်များ ၊ ရေအိုး အသေးလေး များ မှ ဇွန်းများ အထိ မိမိ လိုသလို ပုံဖေါ်ယူကာ နေပူတွင် အတန်ငယ် ခြေက်သွား စေရန် နေပြကြပါသည်။ အနည်းငယ်ခြောက်သွားလျင် ထိုအိုးဗုတ်များအားစုကာ ဝါးရွက် ခြောက်များ ဖြင့် ပုံ၍ မီးမြိုက်လိုက်ပါသည်။ မီးအေးသွားလျင် မိမိလိုချင်သော အိုးဗုတ်များ အသင့်ရရှိပြီ ဖြစ်ပါသည်။ 

![0002.jpg](https://cdn.steemitimages.com/DQmQbSeeBj9X6Voopa5WrL8SafbyCAL74G2c7KuyFog65yi/0002.jpg)

[Original Source](https://pixabay.com/images/search/children%20playing/)


အချို့ကလည်း ကွဲအက် ကုန်သလို အချို့ကလည်း အကောင်း အတိုင်း ကျန်ရစ်ပါသည်။ အနည်းငယ် အတွန့်တက်လိုသူတို့က အုတ်နီမှုန့်များ ဖျော်၍ သုတ်လိမ်းထားခြင်း ဖြင့် အနီ ရောင် အိုးဗုတ်ခွက်များအား ရရှိစေပါသည်။ ဤ ကလေးဘဝတွင် ကစားရသော ထမင်းဟင်းချက်တမ်း စျေးရောင်းတမ်းမှာ ခလေးသူငယ်များအား ငယ်ငယ်ကတည်းက မီးဖိုချောင် အနုပညာအား ခံစားမိစေပါသည်။ 


ဤ ဘဝကို ဖြတ်ကျော်လာကြသူတိုင်း အရွယ်ရောက်လာသည်နှင့် ထင်းမီး ဖြင့် ထမင်းဟင်းချက်ပြုတ် ခြင်းနှင့် အတူ မီးဖိုချောင် လိုအပ်ချက်များအား အလွယ်တကူသိစေနိုင်ပါသည်။ မီးဖိုချောင် အနုပညာ မည်မျှ အရေးကြီးကြောင်း ကို အိမ်ထောင်ပြုသူများသာ ကောင်းကောင်းနားလည် နိုင်ပါလိမ့်မည်။ ရှိစေတော့ ။ 

အိုးဗုတ်များမှ ချော်ထွက်သွားသည်မှာ..... ကစားနည်းများအား ဆက်ကြပါအုံးစို့။ ရေကူး ၊ ဖားဖမ်း ငါးဖမ်း ၊ အပင်တက် စသည်သော ကစားနည်းများ အသာထာ ကျွန်တော်တို့ ငယ်ဘဝက ခုံမင်စွာကစားကြသော ကစားနည်း နောက်တမျိုးမှာ ဂေါ်ရခါး လူမျိုးတို့၏ ကစားနည်း ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်နီးချင်းများတွင် ဂေါ်ရခါး လူမျိုးတို့လည်း ရှိကြရာ ငယ်ပေါင်း ကြီးဖေါ်များတွင် ဂေါ်ရခါး ကလေးများ ပါသည်မှာ အဆန်းမဟုတ်ပါ။


![0003.jpg](https://cdn.steemitimages.com/DQmPo659eKj4DXP1BkXiJoc2PmYDTg9nuPRuXikiNxL7qNd/0003.jpg)

[Original Source](https://pixabay.com/images/search/children%20playing/)

ဤ ဂေါ်ရခါး လူမျိုးတို့၏ ကစားနည်းမှာ ခလေးများ အားလုံး ဝိုင်းကြီးပတ်ပတ်လည်ထိုင်နေရပါသည်။ ထို့နောက် ပထမဆုံး ခွေးရူး အဖြစ်အလှည့်ကျသူက ဘော်လုံး တလုံး သို့မဟုတ် အဝတ်ထုပ် ( သာရေးကွင်း ဖြင့် စည်းနှောင်ထားသော အဝတ် ထုပ် ) အား ကိုင်ကာ ဝိုင်ကြီးပတ်ပတ် ထိုင်နေသူမျာ ၏ နောက်မှ တလှမ်းချင်း မှန်မှန် လျှောက်၍ ဂေါ်ရခါး သံချပ်တပုင်္ဒအား အသံနေအသံထား ဖြင့် တိုင်ရပါသည်။ 

 သံချပ်ဆုံး သည်နှင့် ထိုင်နေသူများက အလိုက် လိုက်ဆိုရပါသည်။ ဤသို့ ခွေးရူးက သံချပ်တိုင်လိုက် ထိုင်နေသူတို့က လိုက်ဆိုလိုက်ဖြင့် ခွေးရူးမှ ထိုင်နေသူတယောက်၏ လက်ထဲသို့ ဘောလုံးအား ပြစ်ထည့်ကာ ထွက် ပြေးသွားပါတော့သည်။ ဘော်လုံးရသူက ထိုဘော်လုံး ဖြင့် ခွေး ရူးအား ထိအောင် လိုက်ပစ်ရပါသည်။ 


ထိသွားလျင် ထိုသူက တဖန် ခွေးရူး ပြန် ဖြစ်သွားသလို ပစ်သူက ထိအောင် မပစ်နိုင်ပဲ ခွေးရူးက မိမိနေရာ တွင် ဝင်ထိုင်လိုက်လျင် မိမိက ခွေးရူး ဖြစ်သွားပါတော့သည်။ ဤ ကစားနည်းမှာ အလွန် ပျော်ရွှင်စရာ ကောင်းသော ကစားနည်း ဖြစ်ပါသည်။ မိမိ လက်ထဲသို့ ဘော်လုံး ရောက်လာမည်လား ရင်တထိတ်ထိတ် စောင့်စားနေရခြင်း ဖြစ်ပါသည်။ 

![0004.jpg](https://cdn.steemitimages.com/DQmWUhunPB122PVYmkbHmH31Gb5prCBQQRcmcQjUgPje5rb/0004.jpg)

[Original Source](https://pixabay.com/images/search/children%20playing/)

ထိုကစားနည်းအား ကစားသောအခါ ဆိုသည့် ဂေါ်ရခါး သံချပ်လေးအား ယခုတိုင် မှတ်မိနေပါသေးသည်။ ခွေးရူးက " အာတီပါတီ ဂျုံဂရာဒီး ဂျုံငဲဘူဒေါ အာယာဟိတ် " ဟု အော်လိုက် လျင် ဝိုင်းကြီးပတ်ပတ်လည် ထိုင်နေသူတို့က " နိတ်အာယာဟိတ် " ဟူ၍ သံပြိုင် လိုက်ဆိုရပါသည်။ 

" အာတီပါတီ ဂျုံဂရာဒီး ဂျုံငဲဘူဒေါ အာယာဟိတ်......  နိတ်အာယာဟိတ် " 

ဆက်လက်ဖေါ်ပြပေးပါမည်။

![02.png](https://cdn.steemitimages.com/DQmVdNK8JEpWXub4nfoPoUfpDgG4SqpUHoL5DvjEHEVf1xM/02.png)
Author : Henry Aung ( Kachin )
MSC : 001
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,
👎  
properties (23)
post_id83,302,068
authorkachinhenry
permlinkngaponpyawmeninnataaung-apaing-2-henry-aung
categorymyanmar
json_metadata{"tags":["myanmar","childhood","life","palnet"],"image":["https:\/\/cdn.steemitimages.com\/DQmUvVXsjg6s4YTN6CHDg24b38njU5WadNiAQ7v9XEk1LBB\/01.jpeg","https:\/\/cdn.steemitimages.com\/DQmbgvTpJoEKJoPC9pmRqymMasrt97FwgkhQBGGQebuP261\/0001.webp","https:\/\/cdn.steemitimages.com\/DQmQbSeeBj9X6Voopa5WrL8SafbyCAL74G2c7KuyFog65yi\/0002.jpg","https:\/\/cdn.steemitimages.com\/DQmPo659eKj4DXP1BkXiJoc2PmYDTg9nuPRuXikiNxL7qNd\/0003.jpg","https:\/\/cdn.steemitimages.com\/DQmWUhunPB122PVYmkbHmH31Gb5prCBQQRcmcQjUgPje5rb\/0004.jpg","https:\/\/cdn.steemitimages.com\/DQmVdNK8JEpWXub4nfoPoUfpDgG4SqpUHoL5DvjEHEVf1xM\/02.png"],"links":["https:\/\/pixabay.com\/images\/search\/children%20playing\/"],"app":"steemit\/0.1","format":"markdown"}
created2020-01-10 04:23:51
last_update2020-01-10 04:23:51
depth0
children1
net_rshares2,317,878,737,028
last_payout2020-01-17 04:23:51
cashout_time1969-12-31 23:59:59
total_payout_value0.228 SBD
curator_payout_value0.226 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length5,179
author_reputation39,004,176,328,463
root_title"ငါပုံပြောမယ်နင်နားထောင် ( အပိုင်း-၂ ) ( Henry Aung )"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (38)
@htwegyi ·
$0.05
ကလေးဘဝတွေကတော့ ပြောမဆုံးပါဘူး။ အခုခေတ်ကလေးတွေကို
သနားရမလား ဘာပြောရမှန်းမသိအောင်ပါ။ ကျွန်တော်တို့ ငယ်ဘဝတွေက
လွတ်လပ်အော်ဟစ် ခုန်ပေါက် ပျော်ရွှင်ခွင့်ရခဲ့ကြတယ်။
👍  
properties (23)
post_id83,303,013
authorhtwegyi
permlinkre-kachinhenry-2020110t115928309z
categorymyanmar
json_metadata{"tags":["myanmar","childhood","life","palnet"],"app":"esteem\/2.2.2-mobile","format":"markdown+html","community":"esteem.app"}
created2020-01-10 05:29:33
last_update2020-01-10 05:29:33
depth1
children0
net_rshares332,328,082,467
last_payout2020-01-17 05:29:33
cashout_time1969-12-31 23:59:59
total_payout_value0.027 SBD
curator_payout_value0.027 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length157
author_reputation13,455,160,694,338
root_title"ငါပုံပြောမယ်နင်နားထောင် ( အပိုင်း-၂ ) ( Henry Aung )"
beneficiaries
0.
accountesteemapp
weight300
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)