ရွှေပေါ်ကျွန်း နှင့် နတ်ငါးနှစ်ကောင် ```````````````´´´´´´´´´´´´´´´´´´´´´´ by khayae

View this thread on steempeak.com
· @khayae ·
$0.13
ရွှေပေါ်ကျွန်း နှင့် နတ်ငါးနှစ်ကောင် ```````````````´´´´´´´´´´´´´´´´´´´´´´

(ဖြစ်​ရပ်​မှန်​).....အား​ရေးသားတင်​ပြသည်​။

ကချင်​ပြည်​နယ်​....​ရွှေကူမြို့......​လေး

ရွှေကူမြို့​လေးက​တော့....​ခေတ်​မီဖွံ့ဖြိုးတဲ့မြို့ကြီးတစ်​ခုမဟုတ်​​​သော်​ငြားလည်း....​အေး​ချမ်းသာယာမှုများစွာနဲ့​နေသင့်​စဖွယ်​​ကောင်းလွန်းလှတဲ့မြို့ငယ်​​လေးတစ်​မြို့ပါ.........။

ဧရာဝတီမြစ်​ကြီးရဲ့​ထောက်​ပံ့မှုကိုရရှိထားသည်​နှင့်​အညီ
စိုက်​ပျိုး​ရေးနှင့်​ငါးဖမ်းလုပ်​ငန်းမှာလည်းလွန်​စွာအကျိုးပြုသည်​ဟုဆိုရ​ပေလိမ့်​မည်​.......။

ဒီ​အေးချမ်းသာယာတဲ့​ရွှေကူမြို့​လေးကို...ပို၍ပို၍ဂုဏ်​တက်​​စေသည်​မှာက​တော့.......
နှစ်​စဉ်​နှစ်​တိုင်းကျင်းပ​နေသည့်​ဘုရားပွဲများပင်​........။

နှစ်​​ထောင့်​ငါးရာဘုရားပွဲပြီးလျင်​ဆိုသည်​နှင့်​....​ရွှေ​ပေါ်ကျွန်း(ကျွန်း​တော်​)ဘုရားပွဲ....​တောင်​ကတုံးပွဲ....​ရွှေအံ့​တော်​ဘုရားပွဲ...​ဒါ​တွေက​ရွှေကူမြို့ငယ်​​လေးကိုပိုပြီးစည်​ကားသိုက်​မြိုက်​တဲ့ပွဲ​တော်​​တွေ​ပေါ့......။
(​ဒါ​တောင်​​မောင်​နှမ​တောင်​လိုလို...မိန်းမကျိန်​စာ​တောင်​လိုလိုတစ်​ခုကျန်​​သေးတယ်​ဗျ.....)

စကားဆက်​မိလို့အဲ့​တောင်​အ​ကြောင်း​ပြောပြဦးမယ်
ကျပ်​သိရသ​လောက်​​ပြောပြရမယ်​ဆိုရင်
အဲ့​တောင်​ကကျိန်​စာမိထားတဲ့​တောင်​ဆိုပဲ

ဟိုးအရင်​တုန်းက​ပေါ့......
ရှမ်း​​မောင်​နှမနှစ်​​ယောက်​ကအဲ့ဒီ​တောင်​​ပေါ်မှာ​နေတယ်​လို့ဆိုကြတယ်​...
ဒါ​ပေမဲ့အဲ့ဒီ​မောင်​နှမကလူမဟုတ်​ဘူး...သူတို့​ပြောကြတာ​တော့နတ်​​မောင်​နှမတဲ့
အဲ့ဒီ​တောင်​​အောက်​ဘက်​ရဲ့ဧရာဝတီမြစ်​တစ်​ဖက်​ကမ်းမှာဘုရား​ငယ်​​လေးတစ်​ဆူရှိ​နေတယ်
တစ်​​နေ့ကျ​တော့​ပေါ့...ညီမဖြစ်​သူကအဲ့ဒီဘုရားကိုအရမ်းသွားဖူးခြင်​တာ
အကိုဖြစ်​သူကတားတာ​ပေါ့........။
ဒါ​ပေမဲ့...တစ်​​နေ့
ညီမဖြစ်​သူက...အကိုမသိတုန်း​သူတို့​နေတဲ့​တောင်​​ပေါ်က​နေဆင်း...ဧရာဝတီမြစ်​ကိုဖြတ်​ပြီးအဲ့ဒီဘုရားငယ်​​လေးမှာ​နေ့တိုင်းလာဖူးရင်းအနားယူတယ်​...​ဆော့တယ်​...သီချင်း​တွေဆိုတယ်​....။
ဖြစ်​ခြင်​​တော့...အဲ့ဘုရားရဲ့မနီးမ​ဝေးမှာယာခင်းလုပ်​တဲ့​​ကောင်​​လေးတစ်​​ယောက်​ရှိ​နေခဲ့တာ​ပေါ့....။
သူလည်း....ရှမ်းတိုင်း၇င်းသားတစ်​​ယောက်​​ပေါ့...။
တစ်​​နေ့...သူအခင်းလုပ်​​နေတုန်းဘုရားဘက်​ဆီကသီချင်းသံ​တွေကြားကြား​နေတာသူလည်းသတိထားမိလာခဲ့တယ်​...။
ဒါနဲ့သူလည်း....အလုပ်​နားတဲ့အချိန်
ဘုရားဘက်​ဆီကထွက်​ပေါ်လာတဲ့သီချင်းသံပိုင်​ရှင်​ကိုသိခြင်​စိတ်​နဲ့သွားကြည့်​လိုက်​​တော့.....
အရမ်း​ချော​မောလှပတဲ့.....မိန်းက​လေးတစ်​​ယောက်​ဖြစ်​​နေတာကို​တွေ့လိုက်​ရ​​တယ်​......။
ကောင်​​လေးက​တော့အဲ့ဒီမိန်းက​လေးကိုသာမာန်​လူတစ်​​ယောက်​လို့ပဲထင်​မိတာ​ပေါ့.....။
တွေ့​တွေ့ခြင်းပဲ...မိန်းက​လေးရဲ့​ချောပလှပတဲ့သွင်​ပြင်​​ကြောင့်​​ကောင်​​လေးလည်းသူ့ကိုမြင်​မြင်​ခြင်​ချစ်​မိသွားခဲ့သလိုလူ​တွေနဲ့တစ်​ခါမှ​တွေ့ဆုံဖူးခြင်းမ၇ှိတဲ့နတ်​မိန်းက​လေးလည်းအဲ့​ကောင်​​လေးရဲ့အနူးညံ့းဆုံးစကား​တွေ​အောက်​မှာကျဆုံးသွား​တော့တယ်​.....။
သူတို့ချစ်​သူ​တွေဖြစ်​သွားတာ..အချိန်​နည်းနည်းကြာ​တော့....။
နတ်​မိန်းက​လေးရဲ့အကိုဖြစ်​သူကလည်း...သူ့ညီမရဲ့​ခြေလှမ်းပျက်​မှု​တွေကိုသတိထားမိလာပြီ....​ကောင်​​လေးရဲ့မိဘအမျိုး​တွေလည်းသူ့သား​ခြေလှမ်းပျက်​​မှု​တွေကိုသတိထားမိသွားပြီ......။
တစ်​​နေ့​တော့....နတ်​မိန်းက​လေးအကိုဖြစ်​သူကသူ့ညီမ​ပျောက်​လို့​တောင်​​ပေါ်က​နေ​အော်​​အော်​​ခေါ်ပြီးလိုက်​ရှာတယ်​တဲ့.....။
သူ့အကိုဖြစ်​သူရဲ့....​အော်​သံကို​ကောင်​​လေးမကြား​ပေမဲ့နတ်​မိန်းက​လေးက​တော့ကြား​နေ၇တယ်​......။
ဒါနဲ့....အကို​ရေ...ညီမအကိုကြီး​ညီမကို​ခေါ်​နေပြီ..ညီမသွား​တော့ရ​တော့မယ်​...ဘယ်​လိုဘယ်​ညာနှုတ်​ဆက်​​နေကြတာ​ပေါ့ဗျာ.....
(အ​သေးစိမ်​​တော့....ကျွန်​​တော်​လည်းသိဘူး​လေဗျာ....)
ဒါနဲ့နှုတ်​ဆက်​ကြပြီး....​နောက်​​နေ့​တွေ့ဖို့​ကောင်​​လေးက​ပြော​တော့...နတ်​မိန်းက​လေးကလည်းလက်​ခံတယ်​....သူလာခဲ့မယ်​​ပေါ့.....။
အဲ့လိုနဲ့...နတ်​မိန်းက​လေးလည်း​ကောင်​​လေးကိုနှုတ်​ဆက်​ပြီးပြန်​သွား​လိုက်​တယ်​.....။
ကောင်​​လေးက​တော့ကြည်​နူးမှု​တွေနဲ့တစ်​​ယောက်​ထဲကျန်​ခဲ့တာ​ပေါ့......။

ဒါ​ပေမဲ့............
သားဖြစ်​သူရဲ့​ခြေလှမ်းပျက်​​တွေ​ကြောင့်​​နောက်​က​လိုက်​​ချောင်းခဲ့တဲ့​ကောင်​​လေးရဲ့အ​ဖေဖြစ်​သူကို​တော့သူတို့နှစ်​​ဦးစလုံးကသတိမထားမိလိုက်​ခဲ့ဘူး......။
ကောင်​​လေးရင်​ထဲက​ပျော်​ရွင်​မှု​တွေ...နတ်​မိန်းက​လေးရဲ့ကြည်​နူးမှု​တွေအဲ့ဒီအချိန်​ခန​လေးအတွင်းမှာ​ပျောက်​ကွယ်​သွားရမည်​လို့ဘယ်​သူကသိနိုင်​ပါ့မလဲ........။
ကောင်​​လေးက​တော့....ထုံးစံအတိုင်းတက်​တက်​ကြွကြွနဲ့အရင်​လိုအိမ်​ပြန်​ခဲ့တာ​ပေါ့........။
သူရဲ့နှလုံးသားတစ်​ခုလုံးကို​ကွဲအက်​သွားမဲ့စကား​တွေသူ့အိမ်​မှာ​စောင့်​ကြို​နေလိမ့်​မယ်​လို့သူဘယ်​ထင်​ခဲ့ပါ့မလဲ......။
သူအိမ်​​လည်း​ရောက်​​ရော....သူ့ကို​စောင့်​ကြို​နေကြသူ​တွေက​တော့သူ့မိဘအပါအ၀င်​..သက်​ကြီးအိုအများစု​တွေ.....။
နောက်​​တော့...​ကောင်​​လေးကို​ခေါ်ပြီး
သားချစ်​သူဟာ...လူသားတစ်​ဦးမဟုတ်​​ကြောင်း
ဟိုးယခင်​ရှမ်း​စော်​ဘွားကြီးလက်​ထက်​ကထဲကအစိမ်းတိုက်​မိထားတဲ့​မောင်​နှမနှစ်​ဦးထဲကညီမ​တော်​ဖြစ်​​ကြောင်းကို...အားလုံးလည်းအ​ကြောင်းစုံရှင်းပြလိုက်​​တော့
ကောင်​​လေးခဗျာ.....​တကယ်​ကိုအံ့သြတုန်​လှုပ်​သွားတာ​ပေါ့....။
လူသားတစ်​​ယောက်​နဲ့နတ်​ဆိုတာ​ပေါင်းဖက်​လို့မရနိုင်ဘူး​လို့အားလုံးကတားကြတာ​ပေါ့.....။
ကောင်​​လေးခဗျာ...သူ့ရင်​ထဲမှာရူးမတတ်​ဖြစ်​သွားရှာ​ပေမဲ့
နောက်​​တော့​ကောင်​​လေးလည်း....နားလည်​သွားတယ်​...။
သူ့မိဘစကားကိုနား​ထောင်​ပြီး...သူ့မိဘ​တွေပို့တဲ့တစ်​နယ်​တစ်​​ကျေးကိုထွက်​သွားလိုက်​​တော့တယ်​....။
ကောင်​​လေးအဲ့လို...တစ်​နယ်​တစ်​​ကျေးထွက်​သွားခဲ့တာကိုနတ်​မိန်းက​လေးက​တော့မသိရှာဘူး​ပေါ့.....။
သူ့ရဲ့အကိုဖြစ်​သူတားမြစ်​တဲ့ကြားထဲက​နေမှ.....​ကောင်​​လေးကို​တွေ့ဖို့အကိုမသိတုန်းခိုးခိုးပြီး​​တော့ဧရာဝတီမြစ်​ကိုဖြတ်​ပြီး​ဘုရားမှာလာလာပြီး​ကောင်​​လေးကို​စောင့်​​နေရှာတယ်​...။
ဒါ​ပေမဲ့.....​ကောင်​​လေးက​တော့​ပေါ်မလာ​တော့ဘူး.....။
ရက်​တိုင်းလိုလို....​ကောင်း​လေးအလာကို​နတ်​မိန်းက​လေးလည်းဘုရားမှာလာ​စောင့်​​နေရှာတယ်​တဲ့.....။
နောက်​​တော့.....နတ်​မိန်းက​လေလည်းသ​ဘော​ပေါက်​သွားပြီ.....။
သူချစ်​သူ...သူ့ကိုသစ္စာ ​ဖောက်​သွားပြီဆိုပြီး​တော့​ပေါ့....။
နတ်​မိန်းက​လေးလည်း.....သူဒီ​လောက်​ချစ်​ခဲ့တာ​တောင်​သစ္စာ ​ဖောက်​တဲ့​ကောင်​လေးကိုအမုန်းကြီးမုန်းသွားရှာ​တော့တယ်​.....။
နတ်​မိန်းက​လေးရဲ့ရင်​ထဲမှာ...အသဲ​ပေါက်​မတတ်​ချစ်​တဲ့ချစ်​သူရဲ့ပစ်​ခွာမှု​ကြောင့်​နာကျဉ်းမှု​တွေတစ်​ဟုန်းဟုန်း​တောက်​​လောင်​​နေတဲ့ကြားက......
ဖြစ်​ခြင်​​တော့.......
ဒီသတင်းကိုသိသွားတဲ့နတ်​ဆရာတစ်​​ယောက်​ကလည်း....နတ်​မိန်းက​လေးကို...ဖမ်းယူခိုင်းစားဖို့ကြံစည်​​နေခဲ့တယ်​.....။
အဲ့ဒီအချိန်​မှာ.....နတ်​ဆရာကလည်း
နတ်​မိန်းက​လေးကိုဖမ်းယူခိုင်းစားဖို့အတွက်​...​ဆေးဆန်​နဲ့ပစ်​လိုက်​တယ်
ဒါ​ပေမဲ့နတ်​မိန်းက​လေးကလည်း.....သိသွား​တော့​ရှောင်​လိုက်​ချိန်​မှာ...
ဒဏ်​ရာကြီးကြီးမားမား​တော့မရလိုက်​ဘူး​ပေါ့......
ဒါနဲ့နတ်​မိန်းက​လေးလည်း....မြစ်​တစ်​ဖက်​ကမ်းကအကိုဖြစ်​သူကို​အော်​ဟစ်​အကူအညီ​တောင်းရင်း​ပြေးရှာတာ​ပေါ့....
မြစ်​တစ်​ဖက်​ကအကိုဖြစ်​သူလည်း....ညီမဖြစ်​သူဒုက္ခ ​တွေ့​နေတာကိုသိ​တော့....သူတို့​နေတဲ့​တောင်​​ပေါ်က​နေ...ဖင်​တစ်​ရွှတ်​တိုက်​နဲ့မြန်​မြန်​ဆင်းခဲ့​တော့တယ်​.....
(နတ်​မိန်းက​​လေးရဲ့အကိုတရွှတ်​တိုက်​ဆင်းခဲ့တဲ့​နေရာကခုထိအပင်​မ​ပေါက်​ဘူးတဲ့...ကျွန်​​တော်​ကိုယ်​တိုင်​အ​ဝေးကကြည့်​ဖူတယ်​...အပင်​တစ်​ပင်​မှအဲ့​နေရာမှာမ​ပေါက်​ဘူးဗျ)

နောက်​​တော့...နတ်​မိန်းက​လေးလည်း
ုဧရာဝတီမြစ်​ကိုဖြတ်​ပြီး​ပြေး​တော့....နတ်​ဆရာလက်​က​နေလွှတ်​သွားတာ​ပေါ့
ဒါ​ပေမဲ့....နတ်​ဆရာရဲ့​ဆေးဆန်​ရဲ့ဒဏ်​​ကြောင့်
နတ်​မိန်းက​လေးဟာ...သူ့အကိုလက်​ထဲ​ရောက်​​တော့
အသက်​​ဆုံးရှုံးသွား​တော့တယ်​.......
ညီမဖြစ်​သူကလည်း....မ​သေခင်​နာကျဉ်းမှု​ကြောင့်​ကျိန်​စာတိုက်​ခဲ့သလို....အကိုဖြစ်​သူကလည်းအဲ့ဒီ​တောင်​​ပေါ်ကို
ဘယ်​​ယောကျာ်း​လေးကိုမှတက်​လာခွင့်​မ​ပေးဘူး
ယောက်ျား​လေးတက်​ရင်​...ပြုတ်​ကျပြီး​သေတယ်​လို့ဆိုကြတယ်
မိန်းက​လေး​တွေတက်​မယ်​ဆိုလည်း....ကြက်​ဥ...ဘဲဥတို့မစားရဘူးလို့ဆိုကြတယ်​.....
ခု​တော့....အဲ့​တောင်​​ပေါ်မှာဘုရားငယ်​​လေးတစ်​ဆူတည်​ထားတာ​တွေ့ရတယ်
ဆရာ​တော်​တစ်​ပါးတည်​​ပေးထားတယ်​လို့ဆိုကြတာပဲ
တစ်​ချို့က​တော့....အဲဘုရားကိုသွားဖူုးကတယ်
မိန်းမ​တွေကလွဲရင်​​ပေါ့.............
အဲ့ကစပြီး....မိန်းမကျိန်း​စာတောင်​လိုလို....​ယောကျာ်းမတက်​ရတဲ့​တောင်​လိုလို..ေ​မာင်နှ​မတောင်လိုလို​နဲ့အမျိုးမျိုး​ခေါ်ကြ​တော့တာ​ပေါ့ဗျာ.......

တစ်​ချို့​နေရာတိုင်းမှာလည်း....ဒီလိုရာဇ၀င်​ဇာတ်​လမ်း​လေး​တွေရှိ​နေတတ်​ကြပါတယ်​.....။
ကျွန်​​တော်​​ပြောပြတဲ့....​ရွှေ​ပေါ်ကျွန်းဘုရား...​တောင်​ကတုံးဘုရား....​ရွှေအံ့​တော်​ဘုရား...နှစ်​​ထောင့်​ငါးရားဘုရား..အဲ့ထဲမှာတန်​ခိုးကြီးလွန်းတာက​တော့...​ရွှေ​ပေါ်ကျွန်း(ကျွန်း​တော်​ကြီး)ဘုရားဗျ

ရွှေ​ပေါ်ကျွန်းဘုရားက....ဧရာဝတီမြစ်​ရဲ့​ရေလယ်​​ခေါင်​မှာ​ပေါ်​နေတဲ့ကျွန်း​ပေါ်မှာရှိ​နေတာ.....။
သွားမယ်​ဆိုစက်​​လှေ​တွေနဲ့သွားမှရတာ......
ရွှေ​ပေါ်ကျွန်းဘုရားပွဲနဲ့...အင်း​တော်​ကြီးဘုရားပွဲဆိုရက်​သိပ်​မကွာဘူး
အင်း​တော်​ကြီးဘုရားပွဲကနည်းနည်း​စောပြီးကျင်းပကြတယ်​........။
ခုကျွန်​​တော်​​ပြောတဲ့....​ရွှေ​ပေါ်ကျွန်းဘုရားလည်းအင်း​တော်​ကြီးလိုပဲနတ်​အရမ်းကြီးတယ်​.....
ကျွန်း​ပေါ်​ရောက်​ရင်​စကား​တွေမှားလို့မရဘူးဗျ.....
တစ်​ချို့က​တော့....ပါးစပ်​ရာဇ၀င်​​တွေလား...အမှန်​တကယ်​လားဆိုတာ​တော့မသိဘူး
ဒီကျွန်း​ကို​ရေမနစ်​​အောင်​လို့.....​အောက်​က​နေ မ ထား​ပေးတဲ့နွယ်​ရှင်​ခုနစ်​​ကောင်​ရှိတယ်​လို့ဆိုပြန်​တယ်​....
ကျွန်​​တော်​က​တော့....သိပ်​ပြီး​တော့လက်​မခံခြင်​တာ​တော့အမှန်​ပါ......
ဒါ​တွေကထားလိုက်​ပါ...ပါးစပ်​ရာဇ၀င်​​တွေကိုး....
ဒါ​ပေမဲ့.....ဒီ​ရွှေ​ပေါ်ကျွန်းဘုရားကို..နတ်​မိ​ကျောင်းဘုရားလာဖူးတာကို​တော့လက်​ခံတယ်​....
ဒါမျိုးကို...ဘာလို့လက်​ခံရတာလဲဆိုရင်
ဒီလို.....လူသား​တွေနဲ့ဆန့်​ကျင်​ဘက်​....ဘုံဘ၀သား​တွေဆိုတာ​နေရာတိုင်းမှာရှိ​နေတတ်​ကြလို့ပါ......

အဲ့လိုမျိုးပဲ....အခါအခန့်​မသင့်​ရင်​ကြုံရတတ်​တယ်​ဗျ
ဒီ​ရွှေ​ပေါ်ကျွန်းနဲ့ပတ်​သတ်​ပြီး...အဲ့လိုကြုံ​တွေ့ဖူးတဲ့လူ​တွေလည်းအများအပြားရှိပါတယ်
အဲ့ထဲကတစ်​​ယောက်​...ကြုံခဲ့ဖူးတာ
ပြောရမယ်​ဆို.....ဒီလိုဗျ
အဲ့လူက...တံငါသည်
သူနာမည်​က `ထွန်းနိုင်​´..တဲ့
အဲ့ဒီအချိန်​ကလည်း...​ရွှေ​ပေါ်ကျွန်းဘုရားပွဲကလည်းစ​နေပြီ
တံငါသည်​တို့ထုံးစံအတိုင်း...​နေ့ဘက်​ငါးရှာပြီး​တော့
ကိုထွန်းနိုင်​တစ်​​ယောက်​လည်း.....ညဘက်​ပိုက်​ချထားပြီးအိမ်​ပြန်​ခဲ့တာ​ပေါ့....
မိန်းမဖြစ်​သူကလည်း...ဘုရားပွဲ​ပျော်​ဖို့...​ငွေလိုလို့အတင်းပူဆာ​နေ​လေရဲ့.....
နေ့ဘက်​ကလည်း....ငါးရှာတာကလည်းထင်​သ​လောက်​မရ​တော့...ကိုထွန်းနိုင်​​ခေါင်းစား​နေခဲ့တာ​ပေါ့
ညဘက်​မှာသာ...ငါးများများပိုက်​ထဲမတိုးရင်​ခက်​ပြီ.....။
ကိုထွန်းနိုင်​တစ်​​ယောက်​အိပ်​မ​ပျော်​ဘူးဖြစ်​​နေခဲ့တယ်​.....။
တစ်​ခနကြာ​တော့...ကိုထွန်းနိုင်​တစ်​​ယောက်​​မှေးခနဲအိပ်​​ပျော်​သွား​တော့........

" ဗျို့...ကိုထွန်းနိုင်​...ကိုထွန်းနိုင်​...."

ထွန်းနိုင်​တစ်​​ယောက်​​...အိမ်​​ရှေ့မှ​အော်​သံ​ကြောင့်​ဖြတ်​ကနဲနိုးလာရင်း....

" ကိုထွန်းနိုင်​......"

ခေါ်သံက​တော့ထွက်​​ပေါ်​နေဆဲ

ထွန်းနိုင်​တစ်​​ယောက်​...အိပ်​ယာထက်​မှထ၍
အိမ်​​ရှေ့ဘက်​သို့ထွက်​လာလိုက်​သည်​....။
အိမ်​​ရှေ့ဘက်​အ​ရောက်​...မြင်​လိုက်​ရသည်​မှာ​တော့
လူလတ်​ပိုင်းရှိသည့်​...လူငယ်​​လေးနှစ်​​ယောက်

" ဘယ်​သူ​တွေလဲ....ဗျ..."

ထွန်းနိုင်​ထိုလူငယ်​​လေးနှစ်​​ယောက်​အား....ထူးဆန်းလှသည်​ဟု​တော့မြင်​မိသည်​.....။
ဝတ်​ပုံစားပုံများကလည်း​ရှေးကျလွန်းသည်​ဟုထင်​ရ​ပေသည်​.....။

" ကိုထွန်းနိုင်​.....ကျွန်​​တော်​တို့က...မလိခဘက်​ကနတ်​ငါးနှစ်​​ကောင်​ပါ...​ရွှေ​ပေါ်ကျွန်းဘုရားကိုဖူးခြင်​လို့လါခဲ့ရင်းခင်​ဗျား​ရဲ့ငါးဖမ်းပိုက်​မှာမိ​နေလို့ပါ....ကျွန်​​တော်​တို့အဖိုးအဘွား​တွေကလည်း​ရွှေ​ပေါ်ကျွန်းဘုရားကိုဖူးဖို့အချိန်​ဒီတစ်​ညပဲ​ပေးလို့​ပါ.....​ကျေးဇူးပြုပြီး....ကျွန်​​တော်​တို့ညီ​နောင်​နှစ်​ဦးကိုခင်​ဗျားငါးဖမ်းပိုက်​က​နေလွတ်​​ပေးပါလားခင်​ဗျာ.......​ကျေးဇူးပြန်​ဆပ်​ပါ့မယ်​....."

" ဟင်​....;"

ကိုထွန်းနိုင်​တစ်​​ယောက်​...ထိုလူငယ်​နှစ်​​ယောက်​ရဲ့စကားကိုအံ့သြ၍မဆုံးရှိ​နေခိုက်​....လူငယ်​​လေးနှစ်​​ယောက်​လည်းသူ၏မျက်​စိ​ရှေ့မှ​ပျောက်​ကွယ်​သွား​တော့သည်​....။

တစ်​ခနအကြာ.......

" ဟင်​..........ငါအိမ်​မက်​မက်​​နေတာပါလား......"

ကိုထွန်းနိုင်​....အိမ်​မက်​မှနိုးလာရင်းမယုံတစ်​၀က်​ယုံတစ်​၀က်​နှင့်​​ဝေခွဲမရဖြစ်​​နေ​လေရဲ့.....။

" အိမ်​မက်​...မက်​တာပဲလား.....တကယ်​များလား........"

ထွန်းနိုင်​တစ်​​ယောက်​....​ဘေးမှဇနီးသည်​ကားလှုပ်​နိးလိုက်​ရင်း......

" ဟဲ့....​ထွေးခင်​...ထစမ်း....."

" ဘာ တုန်း ​တော်​....ရှင်​ကလည်း.....အိပ်​​နေပါတယ်​ဆိုမှ...."

" ​ထွေးခင်​....ငါအိမ်​မက်​တယ်​ဟ....အိမ်​မက်​ထဲမှာငါရဲ့ငါးပိုက်​ထဲ မလိခဘက်​က​နေဘုရားလာဖူးတဲ့နတ်​ငါးနှစ်​​ကောင်​မိ​နေတယ်​တဲ့....."

" အို....ဟုတ်​လို့လား​တော်​...."

" ဟုတ်​တယ်​...​ထွေးခင်​ရဲ့...."

" ရှင်​...စိတ်​စွဲတာ​နေမှာပါ..."

" မဟုတ်​ဘူး...​ထွေးခင်​...အိမ်​မက်​ကအရမ်းထူးဆန်း​နေတယ်​...တကယ်​လိုပဲဟ...သွားကြည့်​၇မယ်​ထင်​တယ်​...."

" ​တော့်​သ​ဘောပဲ....ငါးကြီးကြီးမိ​တော့လဲ...ဘုရားပွဲအတွက်​ပိုက်​ဆံရတာ​ပေါ့...."

" အာ...ဒီမိန်းမ​တော့....ငရဲကြီးကုန်​​တော့မယ်​...နတ်​ငါး​တွေပါဆို...မပြစ်​မှားရဘူးကွ...."

" ကိုထွန်းနိုင်​....နတ်​ငါးလည်းငါးပဲမဟုတ်​လား...ဘာငရဲကြီးရမှာလဲ...."

" မင်းက​တော့ကွာ........"

ထွန်းနိုင်​...စကားဆက်​မ​ပြော​တော့ပဲ...န​ဘေးမှာရှိသည့်​လက်​နှိပ်​ဓာတ်​မီး​လေးအား​ကောက်​ယူလိုက်​ပြီ..မြစ်​ဘက်​သို့ထွက်​လာလိုက်​​တော့သည်​.....။

ထွန်းနိုင်​တစ်​​ယောက်​...မယုံတစ်​၀က်​ယုံတစ်​၀က်​နှင့်​ငါးပိုက်​​ထောင်​ထားသည့်​...​နေရာသို့​လျောက်​လာခဲ့​တော့သည်​.....။

သူပိုက်​ချထားသည့်​​နေရာသို့အ​ရောက်​....

" ဗွမ်း....ဗွမ်း....."

" ဟင်​......"
ပိုက်​အတွင်းမှ...ရုန်းကန်​​နေသည့်​အရာ​ကြောင့်​ထွန်းနိုင်​ပါးစပ်​အ​ဟောင်းသားဖြစ်​သွား​ချေ​တော့သည်​.....။

ထွန်းနိုင်​....အချိန်​ဆွဲမ​နေ​တော့ပဲ...ငါပိုက်​အားဆွဲတင်​လိုက်​​လေရာ......

" အလိုလို....နည်းတဲ့ငါး​တွေမဟုတ်​ပါလား...."

ကြီးမားသည့်​ငါးကြီးနှစ်​​ကောင်​​ကြောင့်​....ထွန်းနိုင်​တစ်​​ယောက်​​ရေရွတ်​လိုက်​မိရင်း

" အင်း...ဒီငါးကြီးနှစ်​​ကောင်​ဆို....​တော်​​တော်​​ဈေး​ကောင်းရမှာပဲ......"

ထွန်းနိုင်​၏စိတ်​....အဆိုးဘက်​သို့အနည်းငယ်​ယိမ်းယိုင်​သွား​တော်​လည်း....

" ဟာ....ငါဘာ​တွေ​လျောက်​​တွေး​နေပါလိမ့်​....မကြံ​ကောင်းတာ​တွေကွာ...သူတို့ကကုသိုလ်​လုပ်​ဖို့လာကြတာပဲ..."

ထွန်းနိုင်​...လည်းမြန်​မြန်​ဆန်​ဆန်​နှင့်​ပင်​ပိုက်​အတွင်းမှငါးကြီးနှစ်​​ကောင်​အား​ဖြေလွတ်​လိုက်​​တော့သည်​....။
ငါးကြီးနှစ်​​ကောင်​မှာမူ...ထွန်းနိုင်​လက်​အတွင်း၌ရုန်းကန်​မှုမပြုပဲငြိမ်​သက်​လျက်​ပင်​.....။
ပိုက်​အတွင်း​မှကင်းလွတ်​သွားသည့်​...နတ်​ငါးကြီးနှစ်​​ကောင်​လည်း....ထို​နေရာမှချက်​ခြင်းမထွက်​ခွာ​ပေ....။
ထွန်းနိုင်​အား...နှုတ်​ဆက်​သည့်​သ​ဘောမျိုးဖြင့်​ရစ်​၀ဲလည်​လည်​ရှိ​နေပြီး....တစ်​ခနအကြာ၌​တော့....
ဧရာဝတီမြစ်​​ရေ​အောက်​သို့....ငုတ်​လျိုး​ပျောက်​ကွယ်​သွား​တော့​ချေသည်​...။
ထွန်းနိုင်​တစ်​​ယောက်​ထဲကျန်​ရစ်​ခဲ့ရင်း....စိတ်​ထဲ၌​တော့​ကျေနပ်​​နေ​လေ​တော့သည်​......။

" ​အေး....မင်းတို့လည်း.....အနွှာရာယ်​ကင်းကင်းဘုရားဖူးနိုင်​ကြပါ​စေကွာ......."

ထွန်းနိုင်​...အိမ်​​ရောက်​ရင်​​တော့မိန်းမဖြစ်​သူ၏နားပူမှုကိုခံရ​ပေ​ဦးမယ်​.....။
မိန်းမတို့၏...သဘာဝ...၀တ်​ဆင်​စားဆင်​သည်​ကိုလည်းထွန်းနိုင်​နားလည်​​ပေသည်​......
မိန်းမဖြစ်​သူ၏....င်​လိုအကိုမဖြည့်​ဆည်းနိုင်​သည်​ကိုသာထွန်းနိုင်​တစ်​​ယောက်​မိမိကိုမိမိအပြစ်​တင်​မိရင်း.....ငါးပိုက်​အားပြန်​ချရင်းမြစ်​ကမ်းဆိပ်​မှတက်​လာလိုက်​​တော့သည်​....။

#******************#*******************#

ထွန်းနိုင်​တစ်​​ယောက်​ထုံးစံအတိုင်း.....​ရောင်​နီမသမ်းခင်​ကတဲမှထ၍....ပိုက်​သိမ်းရန်​မြစ်​ကမ်းဆီသို့ထွက်​လာခဲ့​တော့သည်​......။
စိတ်​ထဲ၌​တော့မ​ပျော်​.......။
ညကတဲကပင်​...ပိုက်​ထဲငါးကလည်းတစ်​​ကောင်​မျှမတိုး....

" ဟူး..............."

ထွန်းနိုင်​တစ်​​ယောက်​သက်​ပြင်းရှည်​ကြီးအားချမိရင်း...​လေပူတစ်​ချို့အားမှုတ်​ထုတ်​လိုက်​မိသည်​....။
ငါးဖမ်းပိုက်​အား...ထွန်းနိုင်​ကမ်းစပ်​မှ....စိတ်​မပါတပါနှင့်​ဆွဲမတင်​လိုက်​​လေရာ..........

" ဟာ..........."

ထွန်းနိုင်​...မြင်​လိုက်​ရ​သောမြင်​ကွင်း​ကြောင့်​ပါးစပ်​အ​ဟောင်းသားဖြစ်​သွား​​ချေ​တော့သည်​.....။
သူထင်​မှတ်​ထားသကဲ့သို့မဟုတ်​​ပေ......။

ငါးပိုက်​တစ်​ခုလုံး...မယုံ​နိုင်​​လောက်​​အောင်​ပင်
ဖြူ ​ဖွေးပြည့်​နှက်​​နေသည့်​...ငါးများ
ပိုက်​တစ်​ခုလုံး.....ပြည့်​နှက်​​နေ​တော့သည်​......။

" အလားလား.....ထူးဆန်းလှပါလား​လေ...."

ထွန်းနိုင်​....၀မ်းသာအားရနင့်​ပင်​....ငါးပိုက်​အား မ တင်​လိုက်​​တော့သည်​.....။

" အင်း...အိမ်​က​ထွေးခင်​က​တော့....ဘယ်​​လောက်​၀မ်းသာလိုက်​မလဲပ...."

ထွန်းနိုင်​တစ်​​ယောက်​...ကြာကြာစဉ်းစားမ​နေ​တော့ပဲ...ငါးပိုက်​ကြီးအားမနိုင်​မနင်းနှင့်​ပင်​ထမ်းပိုးလိုက်​ရင်း...မြစ်​ကမ်းစပ်​မှအိမ်​သို့....ခပ်​မြန်​မြန်​နှင့်​​လျောက်​လာလိုက်​​လေသည်​...။

" ​ထွေးခင်​​ရေ...​​ထွေးခင်​....ထွက်​လာခဲ့ပါဦးဟ....."

ယောကျာ်းဖြစ်​သူ၏...အ​လောတ​ကော​ခေါ်သံြေ​ကာင့်​..​ထွေးခင်​​ယောက်​ကပျာကယာထွက်​လာခဲ့ရင်း....

" ကိုထွန်းနိုင်​....ဘာလို့အဲ့​လောက်​​အော်​​နေရတာလဲ​တော်​..."

" ဒီမှာကြည့်​စမ်း...​ထွေးခင်​ရ..."

ထွန်းနိုင်​တစ်​​ယောက်​...ပုခုံးထက်​မှငါးပိုက်​အား...​မေး​ငေါ့ပြလိုက်​ရင်း

" ဟင်​....ငါး...ငါး​တွေကများလှပါလား...."

" ​အေး....ဟုတ်​တယ်​...​ထွေးခင်​...ငါ့တစ်​သက်​တစ်​ခါမှဒီလိုမရဖူးဘူး....ငါထင်​တာ..ဟိုနတ်​ငါးနှစ်​​ကောင်​ရဲ့​ကျေးဇူးပြန်​ဆပ်​တာပဲ​နေမှာ....​ထွေးခင်​...."

" ဘာပဲဖြစ်​ဖြစ်​...ကျွန်​မဘုရားပွဲအတွက်​..၀မ်းဆက်​လှလှ​​လေးဝယ်​၀တ်​နိုင်​ပြီ​တော့..၀မ်းသာလိုက်​တာ...ကိုထွန်းနိုင်​ရဲ့.......ဒီနတ်​ငါးကြီးနှစ်​​ကောင်​လည်းသက်​ရှည်​ကျန်းမာပါ​စေ​တော်​....ကျန်းမာပါ​စေ......."

" မင်းက​တော့အမျိုးမျိုးတယ်​တတ်​နိုင်​လှတယ်​​နော်​......"

" အို...ဘာဖြစ်​လဲ​တော်​......."

" ​အေးပါကွာ.....​အေးပါ....နင်​​ကျေနပ်​ရင်​ပြီးတာပါပဲ..."

ထွန်းနိုင်​တစ်​​ယောက်​...​ထွေးခင်​အားခနဲ့တဲ့တဲ့​ပြောလိုက်​ရင်းပြုံး​၇ီ​နေမိသည်​....။
ထွေးခင်​က​တော့....စိတ်​ကူးထဲဘယ်​လိုဝမ်းဆက်​လှလှ​လေးဝတ်​၍ဘုရားပွဲ​ပျော်​ရမလဲ​တွေး​နေမိမှာ​တော့အ​သေချာပင်​.......။

(ပြီးပါပြီ)
@khayae

![](https://d1vof77qrk4l5q.cloudfront.net/img/ffedf7ff330b45495c82c4fdffc0627e66a2254a.jpg)

Posted using [Partiko Android](https://partiko.app/referral/khayae)
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,
properties (23)
post_id71,688,461
authorkhayae
permlinkph8z24ax
categorymyanmar
json_metadata{"tags":["myanmar","history","knowledge","partiko"],"image":["https:\/\/d1vof77qrk4l5q.cloudfront.net\/img\/ffedf7ff330b45495c82c4fdffc0627e66a2254a.jpg"],"app":"partiko"}
created2019-03-19 05:52:15
last_update2019-03-19 05:52:15
depth0
children3
net_rshares194,567,122,321
last_payout2019-03-26 05:52:15
cashout_time1969-12-31 23:59:59
total_payout_value0.100 SBD
curator_payout_value0.026 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length15,521
author_reputation950,118,507,318
root_title"ရွှေပေါ်ကျွန်း နှင့် နတ်ငါးနှစ်ကောင်
```````````````´´´´´´´´´´´´´´´´´´´´´´"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (34)
@c-squared ·
c-squared-comment
 <div class="pull-left">https://cdn.steemitimages.com/DQmaSUWYsJ3AMUEMRqCSaoKJVNvtsbKm4fNAtmTidr8Uggc/C%20Squared%20Logo%20Transparency%20200px.png</div><br>ပိုစ့်ရွေးချယ်ပေးသူများ၏ <a href="https://discord.gg/B8JFmJ4">Curation Collective Discord community</a> ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။<hr>This post was shared in the #burmese-curation channel in the <a href="https://discord.gg/B8JFmJ4">Curation Collective Discord community</a> for curators, and upvoted and resteemed by the @c-squared community account after manual review.<br/>@c-squared runs a <a href="https://steemit.com/witness/@c-cubed/announcing-the-launch-of-the-new-c-squared-witness">community witness</a>. Please consider using one of your witness votes on us <a href ="https://steemconnect.com/sign/account-witness-vote?witness=c-squared&approve=1">here</a>
properties (22)
post_id71,742,668
authorc-squared
permlink20190320t090538569z
categorymyanmar
json_metadata{"tags":["c-squared"]}
created2019-03-20 09:06:00
last_update2019-03-20 09:06:00
depth1
children1
net_rshares0
last_payout2019-03-27 09:06:00
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length985
author_reputation7,922,986,006,650
root_title"ရွှေပေါ်ကျွန်း နှင့် နတ်ငါးနှစ်ကောင်
```````````````´´´´´´´´´´´´´´´´´´´´´´"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@khayae ·
thanku
properties (22)
post_id71,743,251
authorkhayae
permlinkre-c-squared-20190320t090538569z-20190320t092733123z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit\/0.1"}
created2019-03-20 09:28:12
last_update2019-03-20 09:28:12
depth2
children0
net_rshares0
last_payout2019-03-27 09:28:12
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length6
author_reputation950,118,507,318
root_title"ရွှေပေါ်ကျွန်း နှင့် နတ်ငါးနှစ်ကောင်
```````````````´´´´´´´´´´´´´´´´´´´´´´"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@steemitboard ·
Congratulations @khayae! You received a personal award!

<table><tr><td>https://steemitimages.com/70x70/http://steemitboard.com/@khayae/birthday2.png</td><td>Happy Birthday! - You are on the Steem blockchain for 2 years!</td></tr></table>

<sub>_You can view [your badges on your Steem Board](https://steemitboard.com/@khayae) and compare to others on the [Steem Ranking](https://steemitboard.com/ranking/index.php?name=khayae)_</sub>


###### [Vote for @Steemitboard as a witness](https://v2.steemconnect.com/sign/account-witness-vote?witness=steemitboard&approve=1) to get one more award and increased upvotes!
properties (22)
post_id77,861,689
authorsteemitboard
permlinksteemitboard-notify-khayae-20190712t151400000z
categorymyanmar
json_metadata{"image":["https:\/\/steemitboard.com\/img\/notify.png"]}
created2019-07-12 15:14:00
last_update2019-07-12 15:14:00
depth1
children0
net_rshares0
last_payout2019-07-19 15:14:00
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length612
author_reputation38,705,954,145,809
root_title"ရွှေပေါ်ကျွန်း နှင့် နတ်ငါးနှစ်ကောင်
```````````````´´´´´´´´´´´´´´´´´´´´´´"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000