အ​မေရိကန်​ ​ဒေါ်လာ ၏ အခန်းကဏ္ဍ by magway-minbu
View this thread on steempeak.com
· @magway-minbu ·
အ​မေရိကန်​ ​ဒေါ်လာ ၏ အခန်းကဏ္ဍ
အ​မေရိကန်​ ​ဒေါ်လာ ၏ အခန်းကဏ္ဍ နှင့်​ စီးပွား
ရေး အ​ရေးယူ ပိတ်​ဆို့မှူ့ အ​နေအထား•••••••
___________________________________
အ​မေရိကန်​ နိုင်​ငံ က ကမ္ဘာ့ နိုင်​ငံ အသီးသီးတို့ အ​ပေါ်
မထင်​ရင်​ မထင်​သလို စီးပွား​ရေး အ​ရေးယူ ပိတ်​ဆို့
မှူ့  လုပ်​ရပ်​မျိုးကို  အတိတ်​ကတည်းက​နေ ယခု
အချိန်​အထိ လုပ်​​ဆောင်​နေဆဲဖြစ်​သည်​။ Economic
Sanction ထုတ်​တာတို့၊ ကုန်​သွယ်​စစ်​ စတင်​တာ
တို့ကို ​လေ့လာကြည့်​ပါက ​တိကျ ​သေချာ​သော အ​ကြောင်းအချက်​ မျိုးဟူ၍ မရှိခဲ့သည်​ကများသည်​။
ကုန်​သွယ်​ စစ်​ကို စတင်​ရာ၌ အဓိက အချက်​မှာ ကုန်
သွယ်​​ရေး လို​ငွေပြမှူ့ ကို နည်း​အောင်​ လုပ်​ခြင်းက
အဓိက သ​ဘောဆန်​သည်​။သို့​သော်​ ဇွန်​လ ထဲ၌
အ​မေရိကန်​ ကုန်​သွယ်​မှူ့ လို​ငွေပြခြင်းသည်​ ၇%
အထိ​တောင်​ တိုးလာခဲ့ပြီး၁၀နှစ်​အတွင်းအမြင့်​ဆုံး
တောင်​ဖြစ်​ခဲ့သည်​။မှန်းချက်​နင့်​ နှမ်းထွက်​ မကိုတ်​​ပေ။
တရုတ်​ကိုကြ​တော့ ကုန်​သွယ်​မှူ့ မမျှတလို့်​။ ရုရှားကြ​တော့ ယူ​ကေ၌ Sergi နှင့်​ Yulia Skripalတို့
အား ရုရှားက အဆိပ်​ခတ်​ လုပ်​ကြံမှူ့နှင့်​ Sanction
ထုတ်​ခဲ့သည်​။ တူရကီကြ​တော့ ၂၀၁၆ခုနှစ်​ကတည်း
က အ​မေရိကန်​နိုင်​ငံသားခရစ်​စယန်​ သင်းအုပ်​ဆရာ
အင်​ဒရူးဘရန်​ဆန်​ကို တူရကီ က သူလျှိုလုပ်​မှူ့နှင့်
ဖမ်းဆီးထားတာကို လွှတ်​မ​ပေးခြင်းက အစပြုခဲ့။
ထို့အပြင်​ တူရကီဘဏ်​လုပ်းငန်းရှင်​ ဟာကန်
အက်​တီလာ ဆိုသူက အ​မေရိကန်​တို့ စီးပွား​ရေး
အ​ရေးယူ ပိတ်​ဆို့ထားသည့်​ အီရန်​ဆီက ​ရေနံ
ဝယ်​မှူ့ ​ကြောင့်​ အခုလို အ​မေရိကန်​က တူရကီ
အ​ပေါ် စီးပွား​ရေး အ​ရေးယူပိတ်​ဆို့မှူ လုပ်​ခဲ့ခြင်း
ဖြစ်​သည်​။
အ​မေရိ ကန်​က ကမ္ဘာ့ နိုင်​ငံများနှင့်​ သီးသီးသန့်​သန့်
နေလာသည့်​ အ​နေအထားအ​ပေါ် တရုတ်​၊ရုရှား
နှင့် I​MF တို့က ကမ္ဘာ့ စီးပွား ​ရေး စနစ်​ကို အသစ်
ပုံစံ တည်​​ဆောက်​ဖို့ကြိုးစားလာကြသည်​။၎င်းအထဲ
၌ အ​မေရိကန်​​ဒေါ်လာနှင့်​ SWIFTစနစ်​တို့ကို
နန်းချပြီးIMF ​ငွေ​ကြေး SDR အ​ခြေ ခံသည့်​ ​ကမ္ဘာ့ 
ငွေ​ကြေး စနစ်​ ကို အ​ကောင်​အထည်​​ဖော်​ရန်​ ​ခြေလှမ်း
စိတ်သထက်​စိတ်​လာခဲ့သည်​။
အ​မေရိကန်​ရဲ့ Sanction ထုတ်​မှူ့ ခံထားရတဲ့ နိုင်​ငံ
တွေဟာ အရင်​အတိတ်​ကာလတုန်ုးက ၎င်းတို့အချင်း
ချင်း ရန်​​စောင်​မှူ့ ​တွေ ရှိခဲ့ရာက​နေ အခု​တော့ ​တပူးပူး
တ တွဲတွဲ ဖြစ်​ကုန်​ကြပြီ။ကက်​စ်​ပီယံ ပင်​လယ်​ ဆိုင်
ရာ သ​ဘောတူ စာချုပ်​ကို ရုရှားနှင့်​ အီရန်​တို့အပါအ
ဝင်​ နိုင်​ငံ ၅ခုတို့က မကြာ​သေးခင်​က သ​ဘောတူ
လက်​မှတ်​ထိုးခဲ့ကြသည်​။ကာလကြာရှည်​ ငြင်းခုံ 
ပဋိပက္ခ ဖြစ်​လာကြသည့်​ ၎င်း နိုင်​ငံတို့သည်​ အ​မေ
ရိကန်​​ကြောင့်​ ​ညီညွတ်​ကြကုန်​ပြီ။
အီရန်​ နှင့်​ ရုရှားတို့ဆို ပိုပြီး နီးကပ်​စွာ ရှိလာကြမှူ့
ကို ပညာရှင်​အများစု တို့က သမိုင်းတ​လျှောက်​ မ
ဆိုကြသည်​။ဥ​ရောပနိုင်​ငံ​တွေကလည်း အီရန်​အ​ပေါ်
အ​မေရိကန်​ရဲ့ စီးပွား​ရေး အ​ရေးယူ ပိတ်​ဆို့မှူ့ အ​ပေါ်
သ​ဘောမ​တွေ့ ကြသည့်​ နိုင်​ငံများလည်းရှိ​နေကြသည်​။
သို့​သော်​ ၎င်းနိုင်​ငံတို့သည်​ အ​မေရိကန်​ ဖိအား​ပေး
မှူ့ ​ကြောင့်​ အီရန်​ဆီက ​ရေနံ နှင့်​ သဘာဝ ဓာတ်​​ငွေ့ 
ဝယ်​ယူမှူ့တို့ကို ​လျှော့ချ ရ​တော့မည်​။ပြင်​သစ်​နှင့်
ဂျာမဏီတို့က​တော့ Alternative payment
system ကို အသုံးပြုပြီး အီရန်​နှင့်​ ကုန်​သွယ်​ မှူ့ 
လုပ်​ရန်​ ကြံစည်​​နေကြသည်​။ဂျာမဏီဆိုရင်​ အ​မေ
ရိကန်​ရဲ့ အထိန်းချုပ်​ခံ Swift payment ကွန်
ယက်​စနစ်​ အစား Chinese based CIPS
စနစ်​ကို သုံးဖို့ ရာခိုင်​နှူန်း များ​နေပြီဖြစ်​သည်​။
အီရန်​ အ​ပေါ် စက်​တင်​ဘာ ၌ အ​မေရိကန်​က 
စီးပွား​ရေး အ​ရေးယူ ပိတ်​ဆို့မှူ့နှုနိးထပ်​တိုး
မည်​ဖြစ်​ပြှီး ၎င်းအ​နေအထားသည်​ အီးယူ
နိုင်​ငံ​တွေလည်း အကြပ်​ရိုတ်​နိုင်​သည်​။
ဆောင်းရာသီ၌ အပူ​ပေးစနစ်​အပါအ၀င်
ရေနံစွမ်းအင်​သုံး လုပ်​ငန်းအများစုတို့၌ အီရန်​၏
ရေနံနှင့်​ သဘာဝဓာတ်​​ငွေ့  အ​ထောက်​အပံ့အား
သာ ​လျော့ခဲ့ရင်​ ရုရှား ဘက်​ ပိုလို့​တောင်​ယိမ်းလာ
နိုင်​​ချေရှိသည်​။လက်​ရှိ​လော​လောလတ်​လတ်​၌​တောင်
မှဂျာမဏီနှင့်​ရုရှား​တို့၏ Nord Stream 2
ရေနံ ပိုက်​လိုင်း သ​ဘောတူ စာချုပ်​ ကို လက်
မှတ်​ထိုးထားကြပြီးဖြစ်​သည်​၊၊ရုရှားအတွက်​​တော့​ရေ
နံ စွမ်းအင်​ တင်​ပို့နိုင်​မှူ့ လမ်း​ကြောင်း ပိုပြီး​ကောင်း
မွန်​​စေခဲ့သည်​။၎င်းသ​ဘောတူညီချက်​ စာချုပ်​ကို
အ​မေရိကန်​ သမ္မတ ​ဒေါ်နယ်​ထရမ့်​ က အပြင်း
အထန်​ ​ပေါက်​ကွဲခဲ့ပြီး ဂျာမဏီသည်​ ရုရှား၏ ဂျင်း
ထည့်​တာ ခံလိုက်​ရပြီလို့ ​ဝေဖန်​ တိုက်​ခိုက်​ခဲ့သည်​။
အဲဒိ အ​ရေးကိစ္စ များအပြင်​ အ​မေရိကန်​ဗဟိုဘဏ်
၏ QT အစီအစဉ်​ ကို ထွန်းသစ်​စ နိုင်​ငံအများစု
တို့က မနှစ်​မြို့ကြ​ပေ။ အဲဒီအထဲ၌ အိန္ဒိယ က 
ပြောင်​​ပြောင်​တင်းတင်း ဆိုသလို အ​မေရိကန်
Fed ဗဟိုဘဏ်​ရဲ့ လုပ်​ရပ်​သည်​ ထွန်းသစ်​စ
နိုင်​ငံများတို့ရဲ့ ​ငွေ​ကြေးတန်​ဖိုးများကို ကျဆင်း
စေခဲ့ပြီး ၎င်းနိုင်​ငံတို့၏ ​ဒေါ်လာ ဖြင့်​ ​ကြွေးမြီ​ပေး
ဆပ်​ရမှူ့ အ​ပေါ် ပို၍ ၀န်​ပိ​စေနိုင်​​ကြောင်း ​ဝေဖန်​ထားသည်​။ထွန်းသစ်​စ
ဈေးကွက်​များတို့၏ လက်​ရှိ ကြုံ​တွေ့ ​နေရတဲ့
ဒုက္ခ ၊အန္တရာယ်​များတို့သည်​ ​ဒေါ်လာ ဖြင့်​​ချေး
ငွေယူထားကြလို့ Fed ဗဟိုဘဏ်​က အတိုးနှူန်း
တိုးလိုက်​တိုင်း မိမိတို့​ငွေ​ကြေးများ ကို ကျဆင်း
စေပြီး အ​ကြွေးဝန်​ ပိုပိ​စေနိုင်​ကြ​သော​ကြောင့်​ ​ဒေါ်လာ
အစား အနာဂတ်​ ၌ အရန်​ ​ငွေ​ကြေးအဖြစ်​​ကော
ကြွေးမြီ ဘွန်းများထုတ်​သည့်​အခါတို့၌ ပါ IMF
က ထုတ်​တဲ့ SDR လို ​ငွေ​ကြေးမျိုးကို ​နေရာ ​ပေးလာကြဖို့
များသထက်​များလာနိုင်​​ချေ ရှိပါသည်​။
လက်​ရှိအ​နေထား ၌ IMFရဲ့ ​ငွေ​ကြေး SDRသည်
တရုတ်​နှင့်​ရုရှားတို့အပါအ၀င်​ ထွန်းသစ်​စနိုင်​ငံ
များတို့​ကော ဥ​ရောပနိုင်​ငံများတို့ကပါ ​ဒေါ်လာအစား
အစားထိုး​ငွေ​ကြေးအဖြစ်​ သုံးစွဲ လာနိုင်​ပြီး​ဒေါ်လာ
၏ ဘ၀ သည်​ နန်းချ ခံ ဘ၀ သို့ ​ရောက်​မှန်းမသိ
ရောက်​လာ​နိုင်​ပါ​ကြောင်း မျှ​ဝေ​ပေးလိုက်​ရပါသည်​။     ။
Author-Ko Nay Nay
Thu, Aug 30
👍  ,
properties (23)
post_id61,114,779
authormagway-minbu
permlinka-emyaikn-ed-la-e-akhn-k
categorymyanmar
json_metadata{"format":"markdown","app":"steemit\/0.1","tags":["myanmar","life","steemit","crytocurrency","steem"]}
created2018-08-30 10:18:42
last_update2018-08-30 10:18:42
depth0
children1
net_rshares1,120,929,336
last_payout2018-09-06 10:18:42
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length4,797
author_reputation-42,115,740,826
root_title"အ​မေရိကန်​ ​ဒေါ်လာ ၏ အခန်းကဏ္ဍ"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (2)
@moewaikamawet ·
မှန်ပါသည်
👍  
properties (23)
post_id61,115,981
authormoewaikamawet
permlinkre-magway-minbu-2018830t179390z
categorymyanmar
json_metadata{"format":"markdown+html","app":"esteem\/1.5.1","tags":["myanmar","life","steemit","crytocurrency","steem"],"community":"esteem"}
created2018-08-30 10:39:42
last_update2018-08-30 10:39:42
depth1
children0
net_rshares610,666,615
last_payout2018-09-06 10:39:42
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length9
author_reputation486,034,017,599
root_title"အ​မေရိကန်​ ​ဒေါ်လာ ၏ အခန်းကဏ္ဍ"
beneficiaries
0.
accountesteemapp
weight1,000
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)