ရွှေနား​တော်​သွင်းမည့်​ ....​သံ​ချောင်းသံ အပိုင်း(၅)... by thithisann

View this thread on steempeak.com
· @thithisann ·
$0.06
ရွှေနား​တော်​သွင်းမည့်​ ....​သံ​ချောင်းသံ အပိုင်း(၅)...
![image](https://img.esteem.ws/zkzfvbkkcx.jpg)
Crd:facebook

အပိုင်း​(၅)
ချမ်းသာငို​နေချင်းမှာ.....ဝမ်းသာလို့ ကျ​သောမျက်​ရည်​ပင်​ဖြစ်​သည်​။ တစ်​ရွာလုံးက ​လေးစားရတဲ့ ဆရာ​လေးက သူ့လို့ အားလုံးရဲ့ခိုင်းပတ်​ ၊အ​ရေးတယူ​ပြောဆိုဆက်​ဆံသူက လက်​ချိုး​ရေလို့ရသည်​မဟုတ်​လား....အဲ့လို င​ပေ​တေ တ​ယောက်​ကို ဂရုတစိုက်​ ပြုစု​ပေး မှု​တွေဆိုတာ ချမ်းသာ အတွက်​​တော့ တခါမှမ​မျှော်​လင့်​ဖူးတဲ့ ဆုလဒ်​တခုကိုပိုင်​ဆိုင်​လိုက်​သည့်​ အခိုက်​တန့်​နဲ့ ကြုံ​နေရသည်​မဟုတ်​​လော...ဆရာ​လေးက​တော့ ချမ်းသာရဲ့ ခံစားချက်​ကို နားလည်​​ပေမယ့်​ မသိသ​ယောင်​နဲ့ `မင်း အခု​တော့...နာ​နေပီမဟုတ်​လား ဘာမှမဖြစ်​ဘူး အ​သေးအမွှား​လေးဆို  ....ငိုမ​နေနဲ့​တော့ အိမ်​ပြန်​​တော့..´ဆိုပြီး ​ခေါင်း​လေးအသာပွတ်​ပြီး​ပြော​လိုက်​သည်​။ ချမ်းသာက​တော့ မျက်​ရည်​​တွေ သုပ်​ပြီး  ပြန်​ဖို့ပြင်​​လေသည်​..အဲ့ချိန်​ ဆရာ​တော်​ကြီးတွက်​ဆွမ်းပွဲပြင်​၊ဆွမ်းကပ်​လို့ ပြီး​တော့ ကပ္ပိရ ကြီးလည်းဆင်းလာခဲ့သည်​။ `ဆရာ​လေးပြင်​​တော့​လေဗျာ...​ကျောင်းသွားရမှာ ​နောက်​​တောင်​ကျ​တော့မယ်​...´ `ပြီးပါပြီ ...ကပ္ပိရ ကြီးရယ်​ အနာမကျက်​ဘဲ ​အလုပ်​​တွေ တအားလုပ်​​နေမှာ စိုးလို့ မှာ​နေတာ၇ယ်​ပါ...´ ဆရာ​လေးလည်း​ပြော​ပြောဆိုဆိုနဲ့ ​ဆေးအိတ်​စီး​နေလိုက်​​လေသည်​။ `ကဲ...ချမ်းသာ မင်းကလည်း ကိုယ့်​ကိုယ်​ကို လည်း ဂရုစိုက်​အုံး လုပ်​ရပြီး​တော့လုပ်​မ​နေအုံး....အသက်​အရွယ်​နဲ့မှမလိုက်​ ထင်းစီးကြီးမနိုင်​မနင်း နဲ့ ကိုယ့်​ကိုယ်​ကို လည်းညှာမှာ​ပေါ့....ပြန်​​တော့ပြန်​​တော့ ´ ဆိုပြီး ​လေသံမာနဲ့​ပြော​နေတဲ့ ကပ္ပိရ ကြီးကိုကြည့်​ပြီး ​တော့`ပြန်​​တော့မှာပါ ကပ္ပိရ ကြီးရဲ့....ကျုပ်​ မလုပ်​လည်း ဘာစားမလဲ ဒီ​လောက်​လုပ်​တာ​တောင်​ စားဝတ်​​နေ​ရေးအဆင်​​ပြေရုံပဲ ဆိုတာ ကပ္ပိရ ကြီးလည်း အသိပဲ​လေ´​ချမ်းသာက ​ပြော​တော့ ကပ္ပိရ ကြီးခင်​ဗျ ချမ်းသာအ​ကြောင်းလည်း အကုန်​သိ​နေတဲ့သူဆို​တော့ `​အေးပါကွာ....ငါသိပါတယ်​ ဒါ​ပေမယ့်​ ဂရုလည်းစိုက်​​ပေါ့...´​ပြောပြီး `ကဲ...ကဲ..ကပ္ပိရ ကြီးလည်း ဆရာ​တော်​ဘုရား ဘုန်း​ပေးလို့ ပြီး​နေ​လောက်​ပြီ ကျုပ်​လည်း ​​ကျောင်းသွားဖို့ ပြင်​လိုက်​အုံးမယ်​...ချမ်းသာလည်း ပြန်​​တော့​လေ´လို့ ဆရာ​လေး​ပြောလိုက်​မှ လူစုကွဲ သွား​တော့သည်​။
   ချမ်းသာ တ​ယောက်​ အိမ်​ပြန်​​ရောက်​​တော့ ​သူ့အ​ဖေ ကို ​မောင်​ကြီး တ​ယောက်​ မနိုး​သေး​ပေ ...ချမ်းသာ ထမင်းအိုးလှန်​ကြည့်​​တော့ ထမင်းကြမ်း ​လေးတခဲ​တွေ့​တော့ စားမယ်​ဆိုပြီးခူးခပ်​ပြင်​ဆင်​​တော့သည်​။`​ဟေ့​ကောင်​....မင်း ​ကျောင်းမသွားဘူးလား ´လို့ သူ့အ​ဖေ​မေး​တော့ `ဟုတ်​တယ်​..ကျုပ်​ဒီ​နေ့မသွားဘူး´ဆိုပြီး​ငေါက်​ဆပ်​ဆပ်​နဲ့ ပြန်​​ပြောလိုက်​​တော့ သူ့မ​ဖေက စိတ်​တိုပြီး အနားမှာရှိတဲ့ ညကအမြည်းထည့်​ပြီးစားထားတဲ့ ဇလုံနဲ့ ပစ်​​ပေါက်​လိုက်​သည်​။ အထာ​တွေနပ်​​နေတဲ့ ချမ်းသာက​တော့ ​အေး​ဆေးပဲ ​ရှောင်​လိုက်​ပြီး ခူးပြီးသား ထမင်းဇလုံ ဆွဲပြီး အိမ်​​ရှေ့ ကွပ်​ပစ်​ ​ပေါ် သွား​တော့သည်​။ တခုခုဆို ​ဘေးနားရှိတာနဲ့ပစ်​​ပေါက်​တတ်​တဲ့ အကျင့်​က ချမ်းသာအ​မေ ခင်​​မေ ရှိစဉ်​အခါကတည်းက ဆို​တော့ ချမ်းသာက​တော့  ထုံ​နေပါပြီ။ ချမ်းသာလည်း ကွပ်​ပစ်​ ​ပေါ် ​ထော့ကျိုးေ​ထော့ကျိုးနဲ့ သွားပြီး ဟင်းမပါပဲ ဒီအတိုင်း အဖြူ သားကြီးဖြစ်​​နေတဲ့ ထမင်းခဲကို ​ကောက်​စားလိုက်​​တော့သည်​။ ကိုခင်​​မောင်​ကြီးက သူ့သားရဲ့အ​ကြောင်း​သိ​နေပြီသား ဆို​တော့ `ချမ်းသာ ​ခြေ​ထောက်​ မှာ ပတ်​တီး ​တော့မြင်​တယ်​ ဒီ​ကောင်​ဘာဖြစ်​လာလည်းမသိ ....ဘာဖြစ်​ခဲ့ဖြစ်​ခဲ့ ရင်​စီးခံတတ်​တဲ့ ဒီ​ကောင်​နဲ့​တော့ ခက်​ပါပြီ´ဆိုပြီ စိတ်​က​တွေးရင်းနဲ့ အိပ်​ယာမှ ထ​ သည်​ ညက​သောက်​ထားတဲ့ ဒဏ်​​ကြောင့်​ မနည်းထယူရသည်​။ ဆံပင်​က ရှည်​ရှည်​၊ အရက်​နာမိတာတ​ကြောင်း ဝတ်​ထားတဲ့ အင်္ကျီ၊ပုဆိုး က စုပ်​ပြတ်​ပြတ်​နဲ့ဆို​တော့ မြင်​သူ နှာ​ခေါင်းရှုံ့  စရာ ပုံ​ပေါက်​​နေသည်​။ ဘယ်​​လောက်​ပဲဆိုသွမ်းသည့်​ မိဘ ပဲဖြစ်​ဖြစ်​ ကိုယ့်​သားသမီးအ​ပေါ်​တော့ ​မေတ္တာ ကရှိ​နေဆဲပါ အခုလည်း ချမ်းသာ ​ခြေ​ထောက်​က ပတ်​တီးမြင်​​တော့ မ​နေနိုင်​​သိချင်​​နေပီ​လေ....အကြင်​နာတရားက ထိန်းမရ​တော့ဘူး​လေ...သူများ​တွေလို နုနုရွရွ မရှိတာကလွဲလို့ ​ပေးတဲ့ မိဘ​မေတ္တာ သိပ်​ပြီးမကွာလှ​ပေ...`ချမ်းသာ မင်း​ခြေ​ထောက်​က ဘာဖြစ်​တာလဲ..ပတ်​တီး​တွေဘာ​တွေစီးလို့ပါ့ပဲ´ဆိုပြီး မျက်​နှာ ​သစ်​ရင်း နဲ့ သားဖြစ်​သူအား ​မေး​နေ​လေပြီ....`ဘာမှမဖြစ်​ပါဘူး...ကျုပ်​ မနက်​က ထင်း​ခွေးရင်းဓား ပိုင်းချက်​​ချော်​ပြီ ​ခြေ​ထောက်​နည်းနည်း ရှသွားတာ ဆရာမိုး ကဆွမ်းခံလိုက်​ရင်း မြင်​လို့ ​ဆေးထည့်​​ပေးလိုက်​တာ´ဆိုပြီ ဂျစ်​ကန်​ကန်​နဲ့​ပြော​နေပုံမှာ ထရိုက်​ချင်​စရာပဲပင်​​ကောင်းသည်​။ဒါကလည်း ချမ်းသာရဲ့ သူ့အ​ဖေ့တွက်​သီးသန့်​ ဆက်​ဆံနည်းလို့ပဲဆိုရ​ပေမည်​အ​ကြောင်းမှာ အများနဲ့ဆို ​ကိုယ့်​ကိုယ်​ကို နှိမ်​ချ ဆက်​ဆံပြီး ကူညီတတ်​​သည်​ ၊သည်းခံစိတ်​အပြည့်​ရှိသည်​၊နားလည်​ခွင့်​လွှတ်​တတ်​​သော နှလုံးသားရှိသည်​။အဲ့အချက်​​တွေကပဲ ချမ်းသာရဲ့အားနည်းချက်

ဆိုရ​ပေ​တော့မည်​....ရွာထဲက​လူ​တော်​​တော်​များများရဲ့ အနိုင်​ကျင့်​​ပြောဆိုတာ၊ဆက်​ဆံတာ စသည်​ ကိစ္စများကိုပင်​ ​နေ့စဉ်​ကြုံ​နေရသည်​။ မရှိသူကို ပိုပြီး နှိပ်​စက်​တတ်​တာ ၊နှိမ်​ချတတ်​တာ တချို့လူချမ်းသာများ လုပ်​တတ်​ကြသည်​။
အပိုင်း(၆)ဆက်​မည်
@thithisann
Fb acc:thithisan
Msc ​လျှောက်​ထားဆဲ
👍  , , , , , , , , , ,
properties (23)
post_id29,818,262
authorthithisann
permlinkeya-na-eta-thyng-mny-than-undefinedng-than-apong-5-1390869ccdb01
categorymyanmar
json_metadata"{"format": "markdown+html", "community": "esteem", "links": [], "tags": ["myanmar", "story", "writing", "blog", "esteem"], "app": "esteem/1.5.0", "users": ["thithisann"], "image": ["https://img.esteem.ws/zkzfvbkkcx.jpg"]}"
created2018-02-02 03:20:09
last_update2018-02-02 03:20:09
depth0
children0
net_rshares9,845,849,029
last_payout2018-02-09 03:20:09
cashout_time1969-12-31 23:59:59
total_payout_value0.056 SBD
curator_payout_value0.003 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length4,349
author_reputation478,630,092,322
root_title"​ရွှေနား​တော်​သွင်းမည့်​ ....​သံ​ချောင်းသံ အပိုင်း(၅)..."
beneficiaries
0.
accountesteemapp
weight500
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (11)