Daily by donjaun

View this thread on steempeak.com
· @donjaun ·
$0.29
Daily
![t5n9axz4v5.jpg](https://img.esteem.ws/t5n9axz4v5.jpg)

Steem ဈေးကတော့ ငြိမ်နေတုန်းပင်။ ကျောက်ချထားသည့် အလား။ ဈေးက ငြိမ်နေပေမယ့် post တင်တော့ မပျက်ခဲ့ပေ။ နေ့စဉ် စာရေး၊ နေ့စဉ် ပိုစ့်တင်သည့် အလုပ်က မပျက်မကွက် လုပ်နေကြ အလုပ် ဖြစ်၏။ တခါတလေ အကြောင်းကြောင်းကြောင့် စာမရေးဖြစ်လို့ ပိုစ့် မတင်ဖြစ်သည့် ရက်ဆိုလျှင် တော်တော်လေးကို နေမထိ ထိုင်မသာ ဖြစ်လို့နေရ၏။ မနေ့ကလည်း စာမရေး ဖြစ်၊ မရေးရတော့ဘူး လို့ ထင်မိသေး၏။ ဟုတ်လည်း ဟုတ်၏ မနေ့က တော်တော်လေးကို အလုပ်များခဲ့သည်ကိုး။

မနေ့ မနက်ခင်း အစောပိုင်းမှာတင် မိုးက တအိအိနှင့် ရွာ၏။ အတန်းသွားချိန်မှာတောင် မိုးကာ ၀တ်ပြီး သွားခဲ့ရ၏။ ပထမ အတန်းချိန် ပြီး နောက်အတန်းချိန် အသွားမှာလည်း မိုးက ရွာနေသေး၏။ ရွာလိုက် တိတ်လိုက်နှင့် တော်တော်လေး ကသီ၏။ နေ့လည် ဘက် အတန်းချိန် တချိန်တော့ ဖျက်ထားရ၏။ ရပ်စောက်က သူငယ်ချင်း တက်လာသဖြင့် နေ့လည်စာ စားပြီး အေးဆေး စကားပြောရန် ဖြစ်၏။ နောက်ပြီး သူ့ကိုလည်း လိုက်ပို့ပေးရဦးမည်။ ထို့ကြောင့် အတန်းချိန် တချိန် ဖျက်လိုက်ခြင်း ဖြစ်၏။

နေ့လည် (၁၂) လောက် ကျနော် ph ဆက်တော့ သူ့အလုပ်ကိစ္စ မပြီးသေးဘူးတဲ့။ နေ့လည် (၁) နာရီလောက်ဆိုလျှင်တော့ အားလောက်၊ ပြီးလောက်ပါပြီ ဆို၏။ သို့နှင့် သူငယ်ချင်း ph ဆိုင်မှာ စောင့်နေလိုက်၏။ မိုးကတော့ မရွာတော့ပေ။ မိုးလည်း မအုံနေတော့ပေ။ ကြည်ကြည်လင်လင် လေး ဖြစ်လို့နေတော့၏။ သို့နှင့် သူငယ်ချင်း ph ဆက်လာတော့ သွားလိုက်၏။ နေ့လည်စာ စားကြ၏။ အခြား သူငယ်ချင်း တယောက်လည်း ပါ၏။ မြို့ အစွန် မီးပုံးပျံကွင်းအနီးနားမှာ ရှိသည့် ယုဒသာန် ကဖေးမှာ နေ့လည်စာ စားရင်း စကားပြောကြ၏။

![he8i5hd1k2.png](https://img.esteem.ws/he8i5hd1k2.png)

စားပြီး သောက်ပြီးတော့ မိုးက ရွာတော့၏။ စားနေ သောက်နေတုန်းက လုံးဝ မရွာပေ။ စားပြီး သောက်ပြီးမှ ရွာလာခြင်း ဖြစ်၏။ တကယ့်ကို အချိန်ကိုက်ပင်။ မိုးက အတော်ပါ၏။ (၂) နာရီ ခွဲခါနီးတော့ ကျနော်က တူလေးကို ကြိုရဦးမည် ဖြစ်သဖြင့် ကျနော် ၀တ်ထားသည့် မိုးကာ အပါးစား အင်္ကျီလေးကို သူငယ်ချင်းကိုပေး၊ ကျနော်ကတော့ မိုးကာ ၀တ်ပြီး ထွက်လာခဲ့ရ၏။ မထွက်လို့ မဖြစ်ပေ။ မိုးက တိတ်မည့်ပုံ မပေါ်ပေ။ ကျနော်ကလည်း တူလေး ကြိုရဦးမည် မဟုတ်လား။

တူလေးကို ကြိုပြီး အင်္ဂလိပ်စာ သင်တန်းသို့ ပို့၏။ ထို့နောက် သူငယ်ချင်း သွားလိုသည့် နေရာသို့ လိုက်ပို့ပေး၏။ သူက သွားလာလုပ်ခြင်း ဖြစ်၏။ ဖြစ်ချင်တာ့ သူ ပြနေကြ ဆေးခန်းက ညနေ (၄) နာရီခွဲမှ ဖွင့်မည် တဲ့။ ကား လက်မှတ်က (၄) နာရီ ပြောထားခြင်း ဖြစ်၏။ သို့နှင့် ဒီနေ့တော့ တောင်ကြီးမှာပဲ အိပ်လိုက်တော့မည် မနက်မှ ပြန်တော့မည် တွေးထားလိုက်တော့၏။ ထို့ကြောင့် စာအုပ်ဆိုင်သွား စာအုပ်ဝယ်ပြီးနောက် သွားဆေးခန်းသို့ သွားကြ၏။ သူ့ရှေ့မှာ လူနာ (၃)၊ (၄) ယောက်လောက်တော့ ရှိနေ၏။ စောင့်ရုံပေါ့။

ခက်တာက ကိုယ့်မှာက steemit မှာ ပိုစ့်တင်ဖို့ စာက မရေးရသေး။ (၅) နာရီလောက်တော့ ပြီးမည် ထင်ထားသဖြင့် အိမ်ရောက်မှ ရေးမည်ဟု တွေးထားသည်ကိုး။ သို့သော် ခုက ညနေ (၅) နာရီပင် ခွဲတော့မည်။ ပုံမှန် ကျနော်က ညနေ (၆) နာရီလောက်မှာ ပိုစ့်တင်၏။ ဒီနေ့တော့ စာမရေး ဖြစ်တော့ဘူး ထင်၏။ laptop ကလည်း မပါဘူးကိုး။ သို့နှင့် ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေ၏။ ph အားကလည်း (၂၀) လောက်ပဲ ကျန်၏။ အဆုံးမှာတော့ မထူးပါဘူး ဆိုပြီး ph ထုတ်ပြီး ph ထဲမှာတင် စာရိုက်လိုက်၏။ ဒီနေ့ မိုးကောင်း သဖြင့် တန်ဆောင်တိုင်အတွင်း မိုး ရွာလေ့ ရှိပုံလေးကို ရေး ဖြစ်လိုက်၏။

ကံကောင်းချင်တော့ (၆) နာရီ မထိုးခင် ရေးလို့ ပြီးသွား၏။ စာ သိပ်မရှည် လိုက်ပေမယ့် အတန်ငယ် မျက်နှာပန်း လှသည့် စာတပုဒ်တော့ ထွက်လာ၏။ အင်း steemit က တော်တော် အားကောင်းလှ၏။ ခပ်ပျင်းပျင်း နေတတ်သည့် ကျနော့်ကိုတောင် ပိုစ့် မဖြစ်မနေ တင်အောင် တွန်းအားပေးနိုင် ခဲ့သည်ကိုး။


# **Don Jaun**
**MSC 31**

👍  , , , , , , , , , , , , , , , , , , , , , , , , ,
properties (23)
post_id80,383,908
authordonjaun
permlinkdaily
categorymyanmar
json_metadata{"image":["https:\/\/img.esteem.ws\/t5n9axz4v5.jpg","https:\/\/img.esteem.ws\/he8i5hd1k2.png"],"tags":["myanmar","esteem","esteem-myanmar","life","palnet"],"app":"esteem\/2.2.2-mobile","format":"markdown+html","community":"esteem.app"}
created2019-09-27 11:40:57
last_update2019-09-27 11:40:57
depth0
children1
net_rshares1,302,073,555,799
last_payout2019-10-04 11:40:57
cashout_time1969-12-31 23:59:59
total_payout_value0.145 SBD
curator_payout_value0.140 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length3,063
author_reputation23,442,288,153,199
root_titleDaily
beneficiaries
0.
accountesteemapp
weight300
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (26)
@esteemapp ·
Thanks for using **eSteem**! <br>Your post has been voted as a part of [eSteem encouragement program](https://steemit.com/esteem/@good-karma/encouragement-program-continues-82eafcd10a299). Keep up the good work! Install [Android](https://play.google.com/store/apps/details?id=app.esteem.mobile.android), [iOS](https://itunes.apple.com/WebObjects/MZStore.woa/wa/viewSoftware?id=1451896376&mt=8) Mobile app or [Windows, Mac, Linux](https://github.com/esteemapp/esteem-surfer/releases) Surfer app, if you haven't already!<br>Learn more: https://esteem.app <br>Join our discord: https://discord.gg/8eHupPq
properties (22)
post_id80,386,373
authoresteemapp
permlinkre-2019927t152354196z
categorymyanmar
json_metadata{"tags":["esteem"],"app":"esteem\/2.0-welcome","format":"markdown+html","community":"esteem.app"}
created2019-09-27 13:23:54
last_update2019-09-27 13:23:54
depth1
children0
net_rshares0
last_payout2019-10-04 13:23:54
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length601
author_reputation396,075,316,369,469
root_titleDaily
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000