How to get attention from others in steemit. (for newbies) by donjaun

View this thread on steempeak.com
· @donjaun ·
$8.91
How to get attention from others in steemit. (for newbies)
![FB_IMG_1498534182631.jpg](https://steemitimages.com/DQmT5kwStw6rkwTNoEGVK2d1Toa67nFS4xEAJKXvpQ1zf8F/FB_IMG_1498534182631.jpg)




Steemit platform ၌ ယခုအခါ မြန်မာ users အသစ်များ တဖြည်းဖြည်း များလာပြီ ဖြစ်သည်။ ကိုဟင်နရီ၏ လမ်းညွှန်ချက်ဖြင့် ကျတော်တို့ လည်း လိုအပ်သည့် အကူအညီများကို တက်နိုင်သလောက် ဖြည့်ဆည်းပေးနေခဲ့ပါသည်။ ယခုကော၊ နောက်ကော ဆက်လက်ဖြည့်ဆည်းနေဦးမည် ဖြစ်ပါသည်။ လူများလာသည်နှင့် အမျှ ကျတော်တို့ Myanmar Community လေး ပိုမိုစည်ကားလာသလို၊ ပြဿနာ တချို့လည်း ရှိလာခဲ့၏။ Community အတွက် အမှိုက်လို့ ဆိုရမည့် Copy post များပင် ဖြစ်သည်။ မိမိ အကျိုးကျေးဇူး ရရှိဖို့ တပါးသူ၏ အားထုတ်မှုကို အသုံးချလိုက်ခြင်းက မည်မျှဆိုးသနည်း။ နာမည်ကြီး အနုပညာရှင် တဦးကတော့ Copy အပေါ် သူ့ အမြင်ကို ခုလို မှတ်ချက်ပေး၏ 
“ Copy လား … သူများ ၀ါးပြီးသား chewing gun ( ပီကေ ) ကြီးကို ပြန်ဝါးသလိုပါပဲဗျာ။ ဘယ်လိုမှ အဆင်မပြေ၊ ဘယ်လိုမှ အရသာမရှိပါဘူး။ ”

ဝေးဝေးမကြည့်နှင့် Copy နှင့် ပေါ်ပင်တွေ သာ အလုပ်များနေသော New Creations အသစ်အသစ်သော ဖန်တီးမှုတွေ မလုပ်ကြ၊ မရှိကြသဖြင့် မြန်မာ့ ရုပ်ရှင်နှင့် Video သည် အောင်မြင်သည့်သလောက် အောင်မြင်မှု မရှိဖြစ်နေ၏။ အချို့ တကားတလေတော့ ဖောက်ထွက်လာပြီဖြစ်၏။ သို့သော် အဖွဲ့အစည်း တခုလုံးအနေနှင့်မူ အောင်မြင်မှု ရဖို့ ပြောင်းလည်းမှုတွေ အများကြီးလုပ်ဆောင်ရပေဦးမည်။ 

ဆိုခဲ့သလိုပင် Copy တွေ သာ အလုပ်များနေသူသည် Cheetah Comment အထိခံရပေမည်။ ထို comment အထိများလာပါက မိမိအတွက် ကောင်းကျိုး တစုံတရာ ရမည်၊ ရှိမည် မဟုတ်ပေ။ အခန့်မသင့်က မိမိ steemit account ပင် ပျက်သွားနိုင်ပေသည်။ ကျတော်တို့လည်း လက်လှမ်းမီသလောက် Steemit Newbies တိုင်းကိုလည်း Steemit သည် Copy post ကို လက်မခံကြောင်း၊ မိမိ ကိုယ်ပိုင် ဖန်တီးမှုတွေကိုသာ လက်ခံကြောင်း အကြိမ်ကြိမ်အခါခါ တိုက်တွန်း သတိပေးခဲ့ပါသည်။ တချို့ကလည်း Cheetah Comment မမိအောင် Copy ကို လက်တလုံးခြား လုပ်ကြပြန်သည်။ တိုက်ရိုက်မကူးချပဲ ဟိုဖြတ်ဒီကဒ်၊ ဖြတ်ညှပ်ကဒ်တွေ လုပ်လာကြ၏။ ထို post များကို မူလ Cheetah က မဖမ်းနိုင်သော်လည်း ယခုအခါ Cheetah-myanmar ရှိလာပြီဖြစ်သဖြင့် Copy လုပ်ထားသူများသည် Cheetah-myanmar Comment မိတော့မည် ဖြစ်သည်။ Cheetah Comment မိသူသည် မိမိရထားသည့် sbd များ ဆုံးရှုံးသွားမည့်အပြင် Reputation ကြသွားပေလိမ့်မည်။ ထိုအချက်ကို အထူးသတိထားဖို့လိုပေသည်။ မြန်မာ users အသစ်များ တက်နိုင်သမျှ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော posts များကိုသာ တင်ကြပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

![S70812-144357(1)(1)(1).jpg](https://steemitimages.com/DQmVDTf2YQyzgVDzjLEjNVPSopJYshNu3xEXcg5pPDFh35i/S70812-144357(1)(1)(1).jpg)


ကိုယ်တိုင် ဖန်တီး post များနှင့် အောင်မြင်မှု ရယူဖို့ ကြိုးစားကြရပေမည်။ ကျတော်သည်လည်း ကိုဟင်နရီ၊ ကိုသက်တို့၏ လမ်းညွှန်မှု၊ အခြား Seniors အကိုအမများ၏ စာများ၊ နည်းနာများကို မှတ်သားပြီး တဖြည်းဖြည်း post များ တင်နိုင်အောင်ကြိုးစားခဲ့ပါသည်။ ကြိုးစားသလောက်လည်း အရာထင်လာခဲ့ပါသည်။ ကနဦး introduction post မှ စ၍ မကြာမကြာတင်သော post များကို သေချာပြင်ဆင်ပြီး တင်လာခဲ့ပါသည်။ ရှေ့အစပိုင်း posts များမှာတော့ voting ကနေ ရရှိသည့် sbd သည် အနည်းငယ်သာ ရှိသော်လည်း ယခုအခါမှာတော့ ကိုဟင်နရီရဲ့ ကြိုးစားပေးမှုနှင့်အတူ Myanmar Members များကို အကူအညီ (vote) ပေးသည့် cure အဖွဲ့ ရှိလာပြီဖြစ်သည်။ ထို promotion ကြောင့် ကျတော်တို့၏ post များသည် အနည်းဆုံး 7 sbd မှ စ၍ အများဆုံး 12 sbd လောက်အထိ ရရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မိမိ၏ post များကို အရည်းသွေးပြည့်ဝအောင် ပြုလုပ်ထားသင့်သည်။ Vote ပေးရသူလည်း တန်၊ ဖတ်ရသူလည်း အသိတခုခုတိုးပွား၊ မိမိမှာလည်း အကျိုးရှိ (Win Win system) လှပေသည်။

![S70828-124315(1)(1).jpg](https://steemitimages.com/DQmRZHb4F8JZXu2iwVxXC8Xgsw44LobNN96bm9zoi1ewHX4/S70828-124315(1)(1).jpg)

မိမိ post များကို အကောင်းဆုံးပြင်ဆင်ရင်း၊ အခြားတဖက်၌လည်း မိမိ၏ network ကို ကျယ်ပြန့်အောင် တဖြည်းဖြည်း လုပ်ဆောင်ရပေမည်။ အခြားသူများ၏ post ကိုဖတ်ခြင်း၊ vote ပေးခြင်း၊ comment ပေးခြင်းများကို အချိန်ရလျှင် ရသလို ပြုမူသင့်ပေသည်။ သူ့ post တိုင်းကို vote၊ comment ပေးသော မိမိကို ထိုသူ သတိထားမိလာပေလိမ့်မည်။ ထိုအခါထိုသူကလည်း မိမိ post အား vote၊ comment ပြန်ပေးပေလိမ့်မည်။ တဦးစေတနာ တဦးမှာပင်ဖြစ်သည်။ ထို vote၊ comment ပေးသူသည် မိမိထက် reputation ကော၊ steem power ကော များနေသူ ဖြစ်ပါက မိမိအတွက် အလွန်မှ အကျိုးဖြစ်လှပေသည်။ ထို့ပြင် မိမိ post များမှာလည်း quality post များ ဖြစ်နေပါက ထိုသူ၏ မိမိပေါ် စိတ်ဝင်စားမှုသည် အလိုလို တိုးလာပေလိမ့်မည်။ မိမိ တင်လိုက်သည့် post ကို ဖတ်ဖို့ ထိုသူစောင့်နေမည်မှာ မလွဲပေ။ 

Vote လုပ်ခြင်းမှာ အထူးပြောစရာ မလိုလှပေမယ့် comment မန့်သည့် နေရာမှာ သတိထားဖို့လည်း လိုသေးသည်။ attention ယူသည့် ပုံစံမလွဲသွားဖို့လည်း လိုသေးသည်။ တချို့ရှိသည်။ post တင်ထားသူ၏ စာကိုပင် ဖတ်၊ မဖတ်တော့ မသိ comment ပေးပုံကြီးက “vote done and please upvote me back” ၊ နောက် “ I follow you and please follow me back” တဲ့။ ဘယ်လိုကြီးတုန်း ? “nice post” ဖြစ်ဖြစ် “thank for sharing” ဖြစ်ဖြစ်လောက် လာသင့်သည်။ အမှန်တော့ ထို့ထက်ပင် ပိုရေးသင့်သေးသည်။ ထိုသူ တင်ထားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း၊ ဝေဖန်အကြံပြုခြင်း၊ မျှဝေခံစားခြင်း လုပ်သင့်ပေသည်။ မည်သူမဆို မိမိ post နှင့် ပတ်သက်ပြီး တခုတ်တရ ပြောဆိုပေးသူကို ကြိုက်နှစ်သက်မည်မှာ မလွဲပေ။ vote done, follow ထက် post အကြောင်းအရာနှင့် ပတ်သက်သည်ကိုသာ comment ပေးသည့်ပေသည်။

Attention ဆိုလို့ ဆရာ မောင်ချောနွယ်ကို သွားသတိရမိသည်။ ထိုစဉ်က ဆရာမောင်ချောနွယ်သည် တက်သစ်စ ကဗျာဆရာတဦး အဖြစ်နဲ့သာ ရှိသေး၏။ ပုံနှိပ်ဖော်ပြထားဖြစ်သေးသည့် ကဗျာ ပုဒ်ရေ သိပ်မများသေးပေ။ တရက်သား စာပေလောက သားများ ထိုင်လေ့ရှိသော လက်ဖက်ရည်ဆိုင်မှာ ဆရာမောင်ချောနွယ်နှင့် သူ့သူငယ်ချင်းတို့ လက်ဖက်ရည်သောက်ဖို့လာ၏။ လွတ်နေသော ၀ိုင်းမှာ ထိုင်၏။ အခြား ၀ိုင်းမှ ကဗျာဆရာတဦး (နာမည်တော့ မမှတ်မိတော့ပါ။ သို့သော် ဆရာမောင်ချောနွယ်ထက်တော့ senior ကျ၏။) က စကားလှမ်းပြော၏။ 

“ ညီလေး မောင်ချောနွယ် မင်း ကဗျာတွေ မိုက်တယ်ကွ၊ ဆက်ရေးကွာ .. ကောင်းတယ်။ အကို ကြိုက်တယ်။ ”

ထိုဆရာ စကားအဆုံး၌ ဆရာမောင်ချောနွယ် တယောက် သူ့ဝိုင်းမှ သူထိုင်နေသည့် ခုံလေးနှင့် အတူ ထိုကဗျာ ဆရာ ၀ိုင်းသို့သွားကာ
“ ပြောစမ်းပါဦး … ဘယ်စာအုပ်၊ ဘယ်မဂ္ဂဇင်းထဲပါတဲ့ ကဗျာလဲ၊ ကဗျာ တပုဒ်လုံးလား သို့မဟုတ် ဘယ် တပိုဒ်ကို သဘောကျတာလဲ ”

ထိုဆရာ ဘာစကားမှ မဆိုနိုင်တော့။ သူသည် ဆရာမောင်ချောနွယ်၏ ကဗျာတွေကို သေချာမဖတ်ဖူးပဲနှင့် လောကွတ်ချော်မိပေပြီ။ ဆရာမောင်ချောနွယ်သည် သူ့ကဗျာကို မဖတ်ဖူးပဲနဲ့ ထိုကဲ့သို့ လောကွတ်ချော်သူကို ခုံမင်ပုံ မပေါ်ပေ။ ဆရာမောင်ချောနွယ်သည် သူ့ခုံကလေး သူကိုင်ကာ သူ့ဝိုင်းကလေးသို့သာ ပြန်လာလိုက်၏။ ၀ါရင့်ကဗျာဆရာပင် ဖြစ်နေလင့်ကစား အနုပညာနှင့် ပတ်သက်လာလျှင် အပေါ်ယံ ရွှေမှုန့်ကျဲသည်ကို ဆရာမောင်ချောနွယ်သည် လက်မခံခဲ့ပေ။ အော် … ဟုတ်လား အကို၊ ကျေးဇူးဗျ လောက်နှင့် ပြီးသွားလို့ရသည်ကို သူကပင် တဖန်ပြန် မေးခွန်းထုတ်လိုက်၏။ မိမိအားထုတ်မှုကို ရင်ထဲက မပါပဲ ချီးကျူးပြောဆိုသည့် ကိစ္စရပ်ကို သူ မနှစ်သက်ပေ။ မိမိ ပရိတ်သတ် မိမိ စာကို ဖတ်ထားသူဆိုပါက မိမိ မေးခွန်းထုတ်လျင် ပြန်ပြောပြနိုင်ရမည် မဟုတ်လား။

နောက် facebook user တိုင်းနီးပါး အဆိုတော် ထျန်ပါး ကို သိကြပေလိမ့်မည်။ ထျန်ပါး စတိုင် ကမ္ဘာ လွှမ်းရမည်။ စတိုင်ရှိမှ စတားဖြစ်မည် ဟု ဆိုတတ်သူ။ Hello Ha ဆိုသည့် တယ်လီဖုန်း သီချင်းဆိုသူ။ သူ့ facebook post အောက်၌ တယောက်က လာမန့်သည်။ 

_အကို့ ပရိတ်သတ်ပါဗျ။ အကို့ ခွေလည်း ၀ယ်ထားပါတယ်။ friend request ပို့ထားပါတယ်။ လက်ခံပေးပါဗျ။_
ထိုအခါ အဆိုတော် ထျန်ပါးက ပြန်မန့်သည် 
_CD ခွေနှင့်တွဲပြီး ဓါတ်ပုံရိုက်တင်ပေးလေ။ အဲ့ဆို ချက်ချင်းလက်ခံလိုက်မယ်။_

နောက်ထပ် comment တခု ထပ်မတွေ့ရ။ နောက်ရက်များ ၀င်ကြည့်သော်လည်း ထိုပရိတ်သတ်၏ ဓါတ်ပုံ comment ကို မတွေ့ရပေ။ ထျန်ပါး၏ တုန့်ပြန်ပုံလေးက လှသည်။ ပန်ဆယ်လိုတောင် ထိုအကွက်လေး သုံးရင်ကောင်းမည် ဟု သူမ facebook status ၌ ရယ်သွမ်းသွေး၍ တင်ဖူးသည်။ 

_မပန်၊ မပန် add ပေးပါ။ အမရဲ့ fan ပါ။ လို့လာလာပြောကြည့် … ဒါဆို ကိုယ့်စာအုပ်နဲ့ တွဲရိုက်ထားတဲ့ပုံ ပြလေ။ အဲ့ဆိုလက်ခံမယ်။_

![S70816-111837(1)(1).jpg](https://steemitimages.com/DQmZjRS1iZL5qkGvxoYdzxogvudvz3gCHmax7SQbfEPF8KK/S70816-111837(1)(1).jpg)

Attention တော့ attention ပင်။ မယူတတ်လျင် ပြဿနာ တတ်နိုင်ပေသည်။ ကိုယ်သာ ပရိတ်သတ် အမှန်အကန်ဆို သက်သေမပြနိုင်စရာ အကြောင်းကို မရှိပေ။ သက်သက်ပြနိုင်ရပေမည်။ attention ယူတက်ဖို့ သိပ် အရေးကြီးသည်။ တလောက ကိုဟင်နရီပိုစ့်၌ လာမန့်သည့်ကလေးမလေး တယောက်ရှိသည်။ မြန်မာမှ မဟုတ်။ သူ့ steemit လိပ်စာမှာတော့ korea ဟုဖော်ပြထားသည်။ (အခြား မြန်မာများ၏ post အောက်၌ မကြာမကြာလာ၍ vote, ment ပေးတတ်သည်။) ကိုဟင်နရီ post အောက်၌ မြန်မာလို လာမန့်ထားခြင်းဖြစ်သည်။ မြန်မလို တတ်၍တော့ မဟုတ်၊ translated လုပ်၍ လာမန့်ထားခြင်းဖြစ်၏။ myanmar community ကို အားပေးထားခြင်းဟု ယူဆလို့ရ၏။ ကိုဟင်နရီတင်ထားသည့် အကြောင်းအရာနှင့် သူ့မန့်က အပ်စပ်မှု ရှိသည်။ အမြီးအမောက် မတည့်ပေမယ့် သူ့အားထုတ်မှုကို ချီးကျူး ရပေမည်။ ကျတော်တောင် သူ့ steem  ထဲဝင်ကြည့်၍ လောလောလတ်လတ် post လေးများကိုတောင် vote, ment ပေးခဲ့သေးသည်။ attention သည် ယူတက်လျှင်ရသည် မဟုတ်ပါလား။ 

![S70816-111446(1).jpg](https://steemitimages.com/DQmbzD73pZ3DGK1LZUQZxUbTScgrFAnuPt9BKYFWf2fifRW/S70816-111446(1).jpg)

အချုပ်ဆိုရသော steem မှာ အောင်မြင်ဖို့သည် လွယ်မယောင်နဲ့ ခက်၊ ခက်မယောင်နဲ့ လွယ် ပင်ဖြစ်သည်။ ခက်ခဲခြင်း လွယ်ကူခြင်းသည် မိမိနားလည်မှု၊ မှန်ကန်သော လမ်းကြောင်း၊ သင့်တော်သော ကြိုးစားအားထုတ်မှု တို့နှင့် ဆိုင်ပေသည်။ ကနေဦး အစမှတော့ အခက်အခဲသည် ရှိစမြဲပင်။ ဖြည်းဖြည်းနှင့် မှန်မှန်သာ သွားပါ။ သင့်လမ်းကြောင်းမှန်နေပါက အောင်မြင်လာပါလိမ့်မည်။ 

မိမိ၏ Quality post များနှင့် အတူ မှန်ကန်ကောင်းမွန်သော attention များ ရယူနိုင်ကြပါစေလို့ ဆန္ဒပြုလျက် …

![S70828-131001(1).jpg](https://steemitimages.com/DQmS4JuiPkmzHYm5sncBu6AWAiZLvtp1aHu8dRSTXNGL9hv/S70828-131001(1).jpg)

**Author : : Don Jaun**
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , ,
properties (23)
post_id11,263,229
authordonjaun
permlinkhow-to-get-attention-from-others-in-steemit-for-newbies
categorymyanmar
json_metadata"{"app": "steemit/0.1", "format": "markdown", "image": ["https://steemitimages.com/DQmT5kwStw6rkwTNoEGVK2d1Toa67nFS4xEAJKXvpQ1zf8F/FB_IMG_1498534182631.jpg"], "tags": ["myanmar", "newbies", "knowledge"]}"
created2017-08-28 07:06:27
last_update2017-08-28 07:06:27
depth0
children14
net_rshares2,294,289,328,892
last_payout2017-09-04 07:06:27
cashout_time1969-12-31 23:59:59
total_payout_value6.792 SBD
curator_payout_value2.113 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length8,462
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars0
author_curate_reward""
vote details (31)
@mgmgkse ·
Hey, you got my attention!
👍  
properties (23)
post_id11,264,446
authormgmgkse
permlinkre-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t072835021z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 07:28:48
last_update2017-08-28 07:28:48
depth1
children1
net_rshares2,186,285,665
last_payout2017-09-04 07:28:48
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length26
author_reputation2,705,342,294,640
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
Thank a lot Sayar.
properties (22)
post_id11,266,350
authordonjaun
permlinkre-mgmgkse-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t080309520z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 08:03:18
last_update2017-08-28 08:03:18
depth2
children0
net_rshares0
last_payout2017-09-04 08:03:18
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length18
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@pearlwhite ·
Steemit ကို လေ့လာသင်ယူနေသူအတိုင်းအတွက် အကျိုးရှိတဲ့ အကြံဥာဏ်တွေပါ။ အခုလိုအကြံဥာဏ်ကောင်းအတွက် ကျေးဇူးပါ။
👍  
properties (23)
post_id11,266,181
authorpearlwhite
permlinkre-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t075935316z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 07:59:42
last_update2017-08-28 07:59:42
depth1
children1
net_rshares2,142,118,278
last_payout2017-09-04 07:59:42
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length103
author_reputation608,757,667,650
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
You welcome and Thank.
properties (22)
post_id11,266,390
authordonjaun
permlinkre-pearlwhite-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t080406498z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 08:04:15
last_update2017-08-28 08:04:15
depth2
children0
net_rshares0
last_payout2017-09-04 08:04:15
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length22
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@tamuthar ·
Newbiesတွေအတွက် အရမ်းအထောက်အကူ ဖြစ်ပါတယ်ဆရာ..လေးစားပါတယ်
👍  
properties (23)
post_id11,267,633
authortamuthar
permlinkre-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t082847113z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 08:28:51
last_update2017-08-28 08:28:51
depth1
children3
net_rshares1,987,532,423
last_payout2017-09-04 08:28:51
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length56
author_reputation555,193,591,438
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
ကျေးဇူးပါ ကိုတမူး 😊
အိုအို မှားလို့  spiderman
😜😜
properties (22)
post_id11,267,748
authordonjaun
permlinkre-tamuthar-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t083055963z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 08:31:00
last_update2017-08-28 08:31:00
depth2
children2
net_rshares0
last_payout2017-09-04 08:31:00
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length49
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@tamuthar ·
ငိ ဟုတ်ဘူး...😃😃..ပြေးပြီ
properties (22)
post_id11,314,369
authortamuthar
permlinkre-donjaun-re-tamuthar-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t191125865z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 19:11:33
last_update2017-08-28 19:11:33
depth3
children1
net_rshares0
last_payout2017-09-04 19:11:33
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length24
author_reputation555,193,591,438
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@pyaesonekhinkhin ·
မှန်တာပေါ့ရှင်
👍  
properties (23)
post_id11,269,789
authorpyaesonekhinkhin
permlinkre-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t090846588z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 09:08:51
last_update2017-08-28 09:08:51
depth1
children1
net_rshares1,877,113,955
last_payout2017-09-04 09:08:51
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length14
author_reputation21,434,389,143,640
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
👍
properties (22)
post_id11,275,989
authordonjaun
permlinkre-pyaesonekhinkhin-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t105234952z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 10:52:39
last_update2017-08-28 10:52:39
depth2
children0
net_rshares0
last_payout2017-09-04 10:52:39
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length1
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@ansoe ·
များများရေး များများရေး လိုအပ်နေတယ် များများရေး ဆရာဒုန်းဂျန်း ရေ
👍  
properties (23)
post_id11,300,864
authoransoe
permlinkre-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t161930658z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 16:19:33
last_update2017-08-28 16:19:33
depth1
children1
net_rshares1,943,619,131
last_payout2017-09-04 16:19:33
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length64
author_reputation20,417,379,446,695
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
ဟုတ် ဟုတ်
properties (22)
post_id11,303,886
authordonjaun
permlinkre-ansoe-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t165510326z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 16:55:15
last_update2017-08-28 16:55:15
depth2
children0
net_rshares0
last_payout2017-09-04 16:55:15
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length9
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
@htetwaihin ·
Thanks for your sharing..bro..
👍  
properties (23)
post_id11,306,940
authorhtetwaihin
permlinkre-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t173600963z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 17:36:15
last_update2017-08-28 17:36:15
depth1
children1
net_rshares1,844,298,401
last_payout2017-09-04 17:36:15
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length30
author_reputation1,373,339,077,399
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000
author_curate_reward""
vote details (1)
@donjaun ·
I'm also thank you for your support.
properties (22)
post_id11,307,919
authordonjaun
permlinkre-htetwaihin-re-donjaun-how-to-get-attention-from-others-in-steemit-for-newbies-20170828t174808279z
categorymyanmar
json_metadata"{"app": "steemit/0.1", "tags": ["myanmar"]}"
created2017-08-28 17:48:18
last_update2017-08-28 17:48:18
depth2
children0
net_rshares0
last_payout2017-09-04 17:48:18
cashout_time1969-12-31 23:59:59
total_payout_value0.000 SBD
curator_payout_value0.000 SBD
pending_payout_value0.000 SBD
promoted0.000 SBD
body_length36
author_reputation23,442,288,153,199
root_title"How to get attention from others in steemit. (for newbies)"
beneficiaries[]
max_accepted_payout1,000,000.000 SBD
percent_steem_dollars10,000